ဒီစကားကြားလိုက်ရတော့ ကျန်းကျွင်းမော့သည်လုရှကို မင်္ဂလာပွဲတခုမပေးခဲ့ရတာကြောင့် အနည်းငယ်စိတ်ပျက်လက်ပျက်ခံစားလိုက်ရသည်။ ထို့ကြောင့် သူကချက်ချင်းပင် ပစ္စည်းတွေများများဝယ်ပေးချင်သွားသည်။

" ကျွန်တော်တို့ခရိုင်မြို့ကိုသွားကြရင်ရောဘယ်လိုလဲ? အဲဒီကကုန်တိုက်မှာပစ္စည်းတွေအမျိုးမျိုးရှိတယ်"

ခရိုင်မြို့သည်ပိုကြီးမားပြီး စူးစမ်းရှာဖွေဖို့နေရာတွေပိုရှိတာကြောင့် လုရှသည်သဘာဝအလျောက်ပင်သွားချင်မိပေမယ့် " ဒါပေမဲ့ အခုချိန်ဆို ကျွန်မတို့မှာကားမရှိတော့ဘူးမဟုတ်ဘူးလား?"

အခုကကိုးနာရီကျော်နေပြီဖြစ်ရာ ခရီးသည်တင်ဘတ်စ်ကားသည်ထွက်ခွာသွားနှင့်ပြီဖြစ်သည်။

ကျန်းကျွင်းမော့ ပြုံးလိုက်ပြီး " ကိစ္စမရှိပါဘူး နေ့တိုင်းရွာကနေခရိုင်မြို့ကိုသွားတဲ့ ထော်လာဂျီတွေရှိတယ် ကားဆောင့်တာကိုမင်းစိတ်မရှိရင် ကျွန်တော်တို့ထော်လာဂျီစီးသွားလို့ရတယ်"

လုရှအံ့အားသင့်သွားတယ်။ " ရှင်ဒါကိုဘယ်လိုသိတာလဲ? ထော်လာဂျီစီးဖို့ကျွန်မစိတ်မရှိပါဘူး ဒါပေမယ့်ရှင်ကစီးနိုင်ပါ့မလား? ရောက်ခါစတုန်းက လူတစ်ယောက်ကခြေလှမ်းတွေယိုင်တိုင်တိုင်နဲ့ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ခဲ့တာကို ကျွန်မမှတ်မိပါသေးတယ်"

သူမပြောတာကြားလိုက်ရတော့ ကျန်းကျွင်းမော့နည်းနည်းရှက်သွားပြီး ချောင်းဟန့်လိုက်သည်။
" အဟမ်း အခုကျွန်တော့်ကျန်းမာရေးကအတော်လေးတိုးတတ်လာပါပြီ အဆင်ပြေမှာပါ"

သူကထိုသို့ပြောသည့်အတွက် လုရှသည်ဆက်မနှောင့်နှေးချင်တော့ပေ။ နှစ်ယောက်သားမြို့ထဲကစိုက်ပျိုးရေးသုံးစက်ပစ္စည်းဌာနကို သွားလိုက်ကြရာ ခရိုင်မြို့ဆီထွက်ခွာတော့မည့်ထော်လာဂျီတစ်စီးကိုမှီလိုက်ကြသည်။

တစ်ယောက်ကိုဆယ်ဆင့်ပေးချေလိုက်ကြပြီး ထော်လာဂျီအပေါ်တတ်လိုက်ကြသည်။ ထော်လာဂျီသည်အရင်ကလိုပဲ ခုန်ပေါက်နေဆဲဖြစ်ပြီး ဖုန်မှုန့်တွေနဲ့ဖုံးအုပ်သွားခဲ့သည်။ ခရိုင်မြို့သို့ရောက်ချိန်တွင် နှစ်ယောက်စလုံးမျက်နှာတွေပေရေနေလေသည်။ ကံကောင်းစွာနဲ့ သူတို့တွေရောက်လာခါစတုန်းကလောက် မသက်မသာမဖြစ်တော့ပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now