Chapter 50

2.7K 272 1
                                    

Chapter 50 – စကားနဲ့ပြောပြဖို့ခက်တယ်

.

ဒါပေမဲ့ သူမခန့်မှန်းတာသာမှန်မယ်ဆိုရင် ဒါဆိုဒီအခြေအနေကြီးကအနည်းငယ်ရယ်စရာကောင်းနေလိမ့်မယ်။

သူမကပြန်လာမွေးဖွားလာနိုင်ခဲ့သည့်အတွက် အနာဂတ်မှာဖြစ်ပျက်လာမှာတွေကို ကောင်းကောင်းသိထားလျက် သူမဘဝကိုဆက်လက်ရှင်သန်ဖို့ကြိုးစားလိမ့်မယ်လို့ လူတစ်ယောက်ကတွေးမိနိုင်တယ်။ ဒါပေမဲ့ အဲ့ဒီအစား သူမကကိုယ့်ဆန္ဒနဲ့ကိုယ်ကျေးလက်ကိုလာခဲ့ပြီး သူမရဲ့အရင်ဘဝကိုအလွန်ဆိုးရွားအောင် လုပ်ခဲ့တဲ့ဇာတ်လိုက်နဲ့အတူရှိချင်နေသည်။

သူမကကိုယ့်ကိုကိုယ် ကုရှန့်နန်ဆိုတဲ့ဒီသစ်ပင်ကြီးမှာ ကြိုးဆွဲချတော့မလို့လား?

ဒါကလုရှကိုတကယ်ပြောစရာစကားပျောက်ရှသွားစေတယ်။

ဒါပေမဲ့ နောက်ပိုင်းပညာတတ်လူငယ်များနေရာက ဘဝအကြောင်းတွေးကြည့်လိုက်တော့ လုရှမှာခေါင်းကိုက်လာသလိုခံစားလိုက်ရသည်။

ကူးပြောင်းလာတဲ့ဇာတ်လိုက်မရယ် ပြန်လည်မွေးဖွားလာတဲ့ဇာတ်ပို့ဗီလိန်မရယ်နဲ့ဆို‌တော့ အနာဂတ်မှာသူတို့ကြား အဖြစ်အပျက်တွေအများကြီးရှိလာမှာ သိသာပါသည်။ ထို့ကြောင့် ပညာတတ်လူငယ်များနေရာအတွက် ဆက်လက်အေးချမ်းငြိမ်သက်နေဖို့က ခက်ခဲသွားနိုင်လောက်သည်။

သူတို့အရှုပ်အထွေးထဲသူမကြားညှပ်ပါသွားရင် ကောင်းတာရှိမှာမဟုတ်သဖြင့် အပြင်ပြောင်းနေဖို့နည်းလမ်းအလျင်မြန်ရှာသင့်လားလို့ တွေးမိသည်။ ဒါပေမဲ့ ဇာတ်လိုက်မနဲ့အတူနေတာကလည်း ရွေးချယ်စရာတစ်ခုတော့မဟုတ်ပါဘူး။ ကြားညှပ်ပါဖို့အရမ်းလွယ်ကူလွန်းတာကြောင့် သူမအတွက်ဝေးဝေးနေတာက ပိုကောင်းပေလိမ့်မည်။

နောက်ဆုံးတွင် ထိုညမှာသူတို့အိပ်ပျော်သွားနိုင်ခဲ့ပြီး နောက်တစ်နေ့သူတို့နိုးလာချိန်တွင် အခန်းထဲကလူတွေသည် သက်သောင့်သက်သာဖြစ်မနေကြပေ။ အိပ်ရာကကျပ်ညှပ်လွန်းပြီး ဟိုဖက်ဒီဖက်စောင်းတဲ့အခါဆို တစ်ယောက်နဲ့တစ်ယောက်တိုက်မိကုန်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now