Chapter 7

2.4K 251 0
                                    

Chapter 7 – ၁၉၇၀ ခုနှစ်များကိုတွေ့ကြုံခံစားခြင်း

လုရှ အိမ်ခန်းပတ်ဝန်းကျင်ကိုကြည့်ရှုလိုက်သည်။ သူတို့ရဲ့အိမ်ကမကြီးမားပဲ ၅၀စတုရန်းမီတာလောက်သာရှိသည်။ ထိုအိမ်သည်စက်ရုံမှပေးထားသည့်အိမ်ဖြစ်ပြီး အထည်အလိပ်စက်ရုံကအလုပ်သမားအားလုံး ဒီနေရာမှာနေထိုင်ကြသည်။ ဒါကစင်စစ်'ပြွန်ပုံအဆောက်အဦး' ဖြစ်ပြီး လုရှရဲ့မိသားစုသည်ဒုတိယထပ်မှာနေထိုင်ကြသည်။ ဧရိယာက၅၀စတုရန်းမီတာသာကျယ်ဝန်းပေမဲ့ အသင့်အတင့်လို့ယူဆနိုင်သည်။

လက်ရှိမှာမျှဝေအသုံပြုတဲ့နေရာမရှိပဲ တကယ်စင်စစ် ၅၀စတုရန်းမီတာဖြစ်သည်။ ဒါပေမဲ့ လုမိသားစုမှာကလေးတွေများသဖြင့် ဒီနေရာမှာလူခြောက်ယောက်နဲ့ပြည့်ကျပ်နေသည်။

အိမ်သည်အိပ်ခန်းနှစ်ခန်းနဲ့ဧည့်ခန်းတစ်ခန်းပါပြီး မိဘတွေကအိပ်ခန်းတစ်ခန်းယူကာ သမီးသုံးယောက်ကတစ်ခန်းကိုမျှနေသည်။ သူတို့ရဲ့သားအငယ်ဆုံးလေးကို ကိုယ်ပိုင်နေရာပေးရန် ဧည့်ခန်းကိုအခန်းကန့်ထားပေးသည်။

သူတို့သားငယ်လေးအပေါ် အနည်းငယ်မတရားရာကျတယ်လို့ ခံစားရသော်ငြား သမီးသုံးယောက်သည်‌ နောက်ဆုံးမှာလက်ထပ်ကာ ထွက်သွားကြမှာဖြစ်ပြီး ထိုအခန်းကနောက်ဆုံးမှာ သူတို့သားအပိုင်ဖြစ်လာမှာဖြစ်ကြောင်း အဖေလုနဲ့အမေလုတို့သိပါသည်။ ထို့ကြောင့် လတ်တလောမှာ ဒီပုံစံအတိုင်းစီစဉ်ထားပေးသည်။

ဧည့်ခန်းထဲကလက်ကျန်နေရာလေးကလည်း အလွန်ကျဉ်းမြောင်းပြီး ထမင်းစားတဲ့နေရာအဖြစ် စားပွဲတစ်စုံခင်းကျင်းထားသည်။ မီးဖိုချောင်နဲ့သန့်စင်ခန်းအတွက်ကိုတော့ အပြင်မှာထားသည်။ လှေကားရဲ့ဘယ်ဖက်မှာမီးဖိုချောင်နဲ့ ညာဖက်တွင်သန့်စင်ခန်းဖြင့် အထပ်တိုင်းမှာထိုကဲ့သို့ရှိသည်။ ဒါသည်ပြွန်ပုံစံအဆောက်အဦးရဲ့ ပုံမှန်အပြင်အဆင်ပင်။

သန့်စင်ခန်းသုံးရန် ဒါမှမဟုတ် ချက်ပြုတ်ရန်အပြင်သို့ထွက်တိုင်း အိမ်နီးနားချင်းတွေနဲ့ဆုံသည်။ တစ်ယောက်ယောက်ကအိမ်မှာ အရသာရှိတာတစ်ခုခုချက်ပါကာ တစ်လွှာလုံးမကြာမီသိသွားကြပေသည်။ ကိုယ်ရေးကိုယ်တာသီးသန့်ဟူ၍ လုံးဝမရှိပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now