Chapter 35

2.2K 246 1
                                    

Chapter 35 – ပညာတတ်လူငယ်ဟောင်းများ
.

အနားမှာစူးမန့်ရှိနေသဖြင့် လုရှသည်စကားဝင်မပြောခဲ့ပေ။ စူးမန့်ထွက်သွားပြီးနောက်မှ သူမပြောလိုက်သည်။
" ကျွန်မကူညီပေးလို့ရတာတစ်ခုခုရှိလား?"

စွင်းရှန်းနန်သည်ခဏလောက်တွေးတောလိုက်ပြီး... " အင်း ဟင်းသီးဟင်းရွက်စိုက်ခင်းကိုသွားပြီး သခွားသီးနည်းနည်းခူးလာခဲ့ပါ ညစာအတွက်သခွားသီးသုပ်လုပ်ကြမယ်"

" ကောင်းပြီ"

လုရှသည်ဟင်းရွက်ခြင်းတောင်းတစ်လုံးယူကာ အပြင်ထွက်လာခဲ့သည်။ ခြံဝင်းထဲတွင် ကုရှန့်နန်သည်စူးမန့်ကို ရေတုံကင်ကူနှိပ်ပေးနေပြီး အသီးအရွက်တွေကိုဆေးကြောရင်း ရယ်မောစကားပြောနေကြသည်။

ကျန်းကျွင်းမော့သည်တံခါးအပြင်တွင်ထိုင်ကာ အဝေးကတောင်တန်းတွေကိုငေးမောနေပြီး လီရိကတော့ဘယ်နေရာမှန်းမသိရောက်နေသည်။

လုရှသည်စုံတွဲကိုမနှောင့်ယှက်ခဲ့ပဲ ကျန်းကျွင်းမော့ကိုခေါင်းညိတ်နှုတ်ဆက်လိုက်ပြီးမှ ဟင်းသီးဟင်းရွက်စိုက်ခင်းဆီဦးတည်လိုက်သည်။ သခွားနွယ်တွေကိုရှာလိုက်ပြီး အလုံးကြီးကြီးတချို့ခူးယူကာ ဆေးကြောရန်ပြန်လာခဲ့သည်။

အိမ်ထဲဝင်လာပြီးနောက် နှစ်ယောက်စလုံးအလုပ်များနေတာမြင်လိုက်ရတော့ သူမသည်မီးဖိုချောင်သုံးဓားကိုတိုက်ရိုက်ယူကာ စတင်လှီးဖြတ်လိုက်သည်။ သခွားတွေလှီးချွတ်ပြီးနောက် အိမ်ထဲမှာဘာဟင်းခတ်အမွှေးအကြိုင်တွေရှိလဲလို့ကြည့်ကာ အနည်းငယ်ထည့်‌ပြီး ရိုးရိုးရှင်းရှင်းပြင်ဆင်လိုက်သည်။

သူမရဲ့လှုပ်ရှားမှုတွေကနေ သူမချ‌က်ပြုတ်တတ်ကြောင်း စွင်းရှန်းနန်မြင်နိုင်တာကြောင့် သူမကိုစိတ်ချလက်ချနဲ့ လုပ်ခွင့်ပြုထားလိုက်သည်။ လူစုသည်အလျင်မြန်ညစာပြင်ဆင်လိုက်ကြသည်။

လူတိုင်းသည်အပြင်ကို အစားအသောက်တွေသယ်ထုတ်လာချိန်တွင် ရွာရှိပညာတတ်လူငယ်ဟောင်းအများစုသည် ပြန်ရောက်နေကြပြီဖြစ်သည်။

ခုနကမရှိတဲ့လီရိပင်လျှင် ဘယ်အချိန်ကမှန်းမသိပြန်ရောက်နေသည်။ စူးမန့်နဲ့ကုရှန့်နန်တို့သည်လူတိုင်းနဲ့ နွေးထွေးစွာစကားပြောနေကြသည်။ တစ်အုပ်စုလုံးစားဖို့အသင့်ဖြစ်ချိန်မှ အိပ်ပျော်နေသေးတဲ့ကျွမ်းဟုန်မိန်ကို သတိရသွားကြသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Waar verhalen tot leven komen. Ontdek het nu