အခန်း- ၅ U/Z

46 11 1
                                    

(Unicode)

''ဟိုးရှေးရှေးတုန်းက အသက်ကြီးကြီးလင်မယား
နှစ်ယောက်ရှိတယ်တဲ့"

စာအားစိတ်မပါစွာကျက်နေသည့် ဥသြသည်
သူ၏မြောက်ဘက်တွင်ထိုင်နေသော လင်းထက်မောင်ထံမှ
စကားဆွဲပြောသည့်လေသံကြားတော့ နားစွင့်နေမိ၏။
နှစ်ကြီးစာမေးပွဲဖြေရန်တစ်ပတ်သာလိုတော့သည်ဖြစ်၍
ဆရာ၊ဆရာမများသည် သင်ခန်းစာများအား
လက်စသတ်ပြီး သူ့အတန်းချိန်အလိုက်စာလုပ်ခိုင်းကာ
လွှတ်ထားတော့၏။တစ်ချို့ဆရာများသည် ကျောင်းသူကျောင်းသားများ စာလုပ်​​နေသည်ကို
ထိုင်ကာစောင့်ကြည့်သလို တစ်ချို့ကျတော့အတန်းပင်
မဝင်တော့ချေ။

ယခုအတန်းချိန်သည် သမိုင်းချိန်ဖြစ်ကာ
ဆရာသည်စာကျက်ခိုင်းထားခဲ့ပြီး အပြင်ထွက်သွား၏။
ဆရာ မရှိသည်နှင့်လေအိုးဖြစ်သည့်လင်းထက်မောင်သည်
အနောက်တန်းဘက်လှည့်ကာ လေပေါခြင်းအမှု
ပြုတော့သည်။

''သူတို့လင်မယားနှစ်ယောက်က ကြီးကြီးတက်အောင်
ချမ်းသာကြွယ်ဝပြီး အသက်ကြီးမှရတဲ့သမီးလေး
တစ်ယောက်လည်းရှိတာမို့ အရမ်းချစ်ကြတာပေါ့၊
အဲ့ဒီသမီးလေးရဲ့လက်ဆယ်ချောင်းစလုံးမှာ
တစ်ချောင်းမကျန်ရွှေလက်စွပ်အပြည့်၊ ရွှေဆွဲကြိုးကလည်း
သုံးလေးကုံးအထက်မကဆင်ထားကြတယ်တဲ့"

ဖိုးလပြည့်သည် စာထဲအာရုံအပြည့်ထားလျက်
ကျက်နေသော်ငြား ဥသြသည်တော့စာထဲစိတ်မပါသည်မှာ
ကိုကိုနှင့်စကားများသည့် လွန်ခဲ့သည့်နှစ်ပတ်ကတည်းမှပင်။
ဥသြဘက်မှစ၍ ကိုကို့အားစကားမပြောသလို
ကိုကိုသည်လည်းလေသံတိတ်လျက်ရှိ၏။
နှစ်ဦးသားစကားမပြောကြသည်မှလွဲ၍ အခြေအနေသည်
အရင်ကအတိုင်းမပြောင်းမလဲ။တစ်အိပ်ရာတည်း
အတူအိပ်သည်၊တစ်စောင်တည်းအတူခြုံသည်၊တစ်စားပွဲတည်းထမင်းစားသည်။မိမိအလွန်ဖြစ်သော်ငြား ကိုကိုသည်လည်းမမှန်သည်မို့ မိမိဘက်မှအရင်စမခေါ်ချင်။

ကိုကို့အကြောင်းတွေးမိလိုက်သည်နှင့်
စာထဲမည်သို့မျှအာရုံစူးစိုက်၍မရတော့။ထို့ကြောင့်
ကျက်လက်စသမိုင်းစာအုပ်အားပိတ်ကာ
ဥသြသည်လည်း အနောက်တန်းဘက်လှည့်၍
လင်းထက်မောင်ပြောသည့်ပုံပြင်အား စိတ်ဝင်တစား
နားထောင်မိတော့သည်။

နွေဦးလက်ဆောင်Where stories live. Discover now