(Unicode)
စတီးကြိုးဖြင့်တွဲထားသည့်ရေပုံးကို
ဆယ့်နှစ်ခွေချထားသည့်ရေတွင်းထဲ ချကာရေခပ်နေရင်း
ညီလင်း၏အကြည့်တွေသည် အိမ်အရှေ့စွယ်အောက်
ခုံတန်းရှည်ထက်ထိုင်ကာ စာလုပ်နေသည့်ဥသြနှင့်
ကညာ့ကိုလှမ်းကြည့်နေမိသည်။ဥသြနှင့်ကညာသည်
အတန်းလည်းတူကာ သတ္တမတန်းဖြစ်၏။
ဥသြသည် အိမ်စာပေးလိုက်သည့်သင်္ချာ(၁)အား စိတ်နှစ်ကာ
တွက်နေပေမယ့် သူနှင့်ဆန့်ကျင်စွာ ကညာသည်တော့ ဖောင်တိန်ကိုဟိုခြစ်သည်ခြစ်ဖြင့် ဝေလေလေလုပ်နေ၏။အစ်ကိုဖြစ်သူက မကြာမကြာသည်ဘက်သို့လှမ်းကြည့်နေ၍ စာထဲစိတ်မရှိသည်ကိုသိသွားမှာစိုးလေရာ
ဖောင်တိန်တစ်ချောင်းအားကိုးဖြင့် စာလုပ်ဟန်ဆောင်နေလေသည်။''သင်္ချာတွက်ပြီးတော့တာလား"
''ပျင်းလို့ မတွက်သေးဘူး၊မနက်ကျမှပဲ
နင့်ဆီကကူးရေးသွားလိုက်တော့မယ်လေ"ပြုံးပြုံးရယ်ရယ်ဖြင့်ပြောလာသည့် ကညာ့စကားသည်
ဥသြအတွက်မထူးဆန်းတော့။ကညာသည် ဉာဏ်ရည်မဆိုးသော်ငြား စာကျက်၊စာတွက်အလွန်ပျင်း၏။
အတန်းတွင်ကျောင်းသူ၊ကျောင်းသားပေါင်း
သုံးဆယ့်လေးယောက်ရှိရာ ကညာ့အဆင့်သည်
အမြဲလိုလိုနှစ်ဆယ်ကျော်မှာရှိလေသည်။ကညာနှင့်ဆန့်ကျင်စွာပင် ဥသြသည်တော့
ပညာရေးတွင်ချွန်ကာဝမ်းတူသရီးအမြဲဝင်၏။
နှစ်စဥ်နှစ်တိုင်း ဥသြဆုရသည့်ချိုင့်နှင့်စတီးဇလုံတွေသည် မီးဖိုခန်းအတွင်းတွင် နေရာချထားခြင်းခံထားရသည်။''နှစ်ကြီးစာမေးပွဲနီးနေပြီဟာကို"
''အောင်ရင်လည်းအောင် ကျရင်လည်းကျပေါ့၊
ဒီတစ်နှစ်ပြီးရင်ကျောင်းလိုက်တော့မှာမှမဟုတ်ဘဲဟာ''ရွာတွင်ပင်တက်လို့ရသည့် အဌမတန်းကိုပင်
မတက်တော့ဘဲသတ္တမတန်းပြီးတာနှင့်ကျောင်းထွက်မည့်
ကညာ့ကို ဒေါ်တင့်နဲ့ညီလင်းသည်မတားမြစ်ကြ။
သို့ပေသည့် ကညာ့ကိုပညာရေးဆုံးခန်းတိုင်သည်အထိ
တက်စေချင်သည့်စိတ် နှစ်ယောက်လုံးမှာရှိမှန်း
ဥသြရိပ်မိပါ၏။ဥသြသည်လည်း ကညာနှင့်အတူ
ကျောင်းတက်ချင်စိတ်ရှိသည်။သို့ပေမည့်ပညာရေးတွင်
စိတ်ဝင်စားမှုမရှိသည့်လူတစ်ယောက်ကို အတင်းအကြပ်
ကျောင်းတက်စေလျှင်လည်း ငွေသာလျှင်အလဟဿ
ကုန်ပေမည်မို့ ကညာ့စိတ်သဘောအတိုင်း
ခွင့်ပြုလိုက်ကြသည်သာဖြစ်သည်။
ВИ ЧИТАЄТЕ
နွေဦးလက်ဆောင်
Різнеနွေဦးရာသီမှာရောက်လာခဲ့တဲ့ အဖိုးတန်လက်ဆောင်လေး.... တစ်နည်းအားဖြင့် တစ်သက်မမေ့နိုင်မယ့် အမှတ်တရလှလှလေးပေါ့။ နွဦေးရာသီမှာရောက်လာခဲ့တဲ့ အဖိုးတန်လက်ဆောင်လေး.... တစ်နည်းအားဖြင့် တစ်သက်မမေ့နိုင်မယ့်အမှတ်တရလှလှလေးပေါ့။