(Unicode)
''ဟာ ကိုထွန်းကြိုင်ပါလား ဒီကိုလမ်းကြုံဝင်တာလား"
ခြံဝင်းထဲသို့ထိုးဆိုက်လာသည့် ဆိုင်ကယ်ပေါ်မှလူအား
မြင်တော့ညီလင်းသည် လှမ်းမေးလိုက်၏။
ညီလင်းအသံကြောင့်နံဘေးတွင်စာထိုင်လုပ်နေသည့်
ဥသြသည် ခြံထဲဝင်လာသူအားကြည့်ကာမသိမသာပင်
မျက်မှောင်ကျုံ့၏။ထိုသူအား ဥသြသည်
သဘောမကျပုံပေါ်၏။မျက်မှောင်ကျုံ့လိုက်သည်က
ခေတ္တခဏသာပေမို့ တစ်ဖက်လူထံ
အာရုံရောက်နေသည့်ညီလင်းနှင့်အနီးနားရှိ ပျင်းရိပျင်းတွဲ
ထိုင်နေသည့်ကညာပင် မမြင်လိုက်ရ။''ဘယ်မှလမ်းမကြုံဘူး မင်းဆီကိုပဲတိုက်ရိုက်လာတာ"
ဆိုင်ကယ်အားအိမ်အရိပ်ရသည့်ဘက်ရပ်ကာ
ကိုထွန်းကြိုင်ဆိုသူသည် ညီလင်းအနားသို့လျှောက်လာပြီး
နေရာလွတ်တွင်ဝင်ထိုင်၏။ကိုထွန်းကြိုင်သည်
တောင်ဘက်အရပ်ရှိ 'ရွှေကိုင်းရွာ'မှအမဲခုံပိုင်ရှင်ဖြစ်၏။
ရပ်ရွာလှည့်ကာ နွားနှင့်ကျွဲများအားဝယ်ယူပြီး
တစ်ပတ်လျှင်နှစ်ကောင်နှုန်းဖြင့် အသားပေါ်လေ့ရှိ၏။
နွား၊ကျွဲ မရသည့်အပတ်ဆို ဝက်သားပေါ်လေ့ရှိသည်။
ကိုထွန်းကြိုင်သည် ကိုယ်တိုင်ကိုယ်ကျ သားသတ်လေ့တော့မရှိ။အကုသိုလ်အလုပ်ဖြင့်
အကျိုးပေးသူဖြစ်ရာ ယခင်ကစားနိုင်သောက်နိုင်ဘဝမှ ယခုဆိုလျှင်တိုက်အိမ်နှင့်ဆိုင်ကယ်အပြင် သူ့ဇနီးသည်လည်း
ရွှေတွဲလွဲငွေတွဲလွဲနှင့် ပြိုးပြိုးပြက်ပြက်လက်လျက်ရှိ၏။''ဆိုစမ်းပါအုံး လာရင်းအကြောင်းရင်းလေး"
''ငါ့မြင်ကတည်းက မင်းသိနေပြီးသားမဟုတ်လားကွ၊
မင်းကို နွားသတ်ပေးဖို့လာခေါ်တာပေါ့
ပိုက်ဆံတစ်သောင်းအပြင် ဟင်းစားပါပေးမယ်ကွာ"ကိုထွန်းကြိုင်သည် အားရပါးရပြောလျက်ရှိသော်ငြား
ညီလင်းသည် ကလေးငယ်ငယ်အားလှည့်ကြည့်မိ၏။
ကလေးငယ်ငယ်သည်လည်း ညီလင်းအားတွေ့မြင်ရခဲသည့်
အကြည့်စူးစူးတို့ဖြင့်အကဲခတ်နေဟန်ကြည့်နေသည်မို့
ထိုအကြည့်အားရင်မဆိုင်ရဲစွာ စက္ကန့်မဆိုင်းပင်
မြန်မြန်အကြည့်လွှဲမိ၏။
DU LIEST GERADE
နွေဦးလက်ဆောင်
Sonstigesနွေဦးရာသီမှာရောက်လာခဲ့တဲ့ အဖိုးတန်လက်ဆောင်လေး.... တစ်နည်းအားဖြင့် တစ်သက်မမေ့နိုင်မယ့် အမှတ်တရလှလှလေးပေါ့။ နွဦေးရာသီမှာရောက်လာခဲ့တဲ့ အဖိုးတန်လက်ဆောင်လေး.... တစ်နည်းအားဖြင့် တစ်သက်မမေ့နိုင်မယ့်အမှတ်တရလှလှလေးပေါ့။