အခန်း- ၁ U/Z

312 33 1
                                    

(Unicode)

''လေယာဥ်ပျံကြီးရေ....လေယာဥ်ပျံကြီး"
ကျုပ်တို့ကိုမြင်ရလား"

မိုင်ထောင်ချီအောင်ကွာဝေးသည့် မြေပြင်နှင့်ကောင်းကင်
စပ်ကြား ယာဥ်အကွာအဝေးကိုဂရုမပြုပါဘဲ အပေါ်ဝတ်
မဲ့သည့်ကလေးငယ်တွေမှာ ကြည်ပြာရောင်ကောင်းကင်ကြီး
ထံသို့ လက်တယမ်းယမ်း။ကြားနိုင်၊မြင်နိုင်မလားဆိုသည့် ကလေးအတွေးနှင့်အသံကုန်အော်ဟစ်၊အားကုန်လက်မြှောက်ပြနေကြသည်မှာ မမောမပန်း။
လေယာဥ်သံကြားသည့်အရပ်ဆီ နေစူးတာကိုအလေးမထား၊
မှုန်ပြပြမြင်ရသည့်လေယာဥ်တောင်ပံကို
မြင်ရသည်မှာ ဂုဏ်ယူစရာတစ်ခုလိုပင်။
ရွာငယ်လေးဖြစ်သည်မို့ ကောင်းကင်ထက်ကယာဥ်ကို
အထူးအဆန်းလုပ်နေကြတာ မထူးဆန်းပေ။

''ဟိုးအဝေးကြီး ရောက်သွားပြီ"

အသံလေးမှာ စိတ်ပျက်အားလျော့မှုရောယှက်လျက်။
ဖြစ်နိုင်လျှင်လေယာဥ်အခြေချရာအရပ်ဆီ
ပြေးလိုက်လို့ရလျှင် ပြေးလိုက်မည့်ပုံ။

''လာကွာ...ဘောလုံးသွားကန်ကြရအောင်"

တစတစသေးငယ်သွားပြီဖြစ်သော လေယာဥ်ပျံထံမှအကြည့်လွှဲကာ ရွံ့တွေသဲတွေနှင့် မည်းညစ်နေသောဘောလုံးကိုကိုင်လျက် ရွယ်တူတွေထက်ပိုထွားသည့်ကလေးက အစပြုလာသည်။
နေပူမိုးရွာမရှောင် ပြေးလွှားဆော့ကစားတတ်သည့်
အရွယ်တွေမို့ အပေါ်ဝတ်မဲ့သည့်ကိုယ်လေးတွေမှာ
နေလောင်ကွက်နှင့်အနာရွတ်တွေက ဟိုတစ်ကွက်၊
ဒီတစ်ကွက်။ဆောင်းနှောင်းကာလပြီးဆုံးကာ
နွေဦးရာသီစတင်နေလေပြီမို့ အပူရှိန်ပြင်းလေသည်မှာ
ကလေးတစ်အုပ်လုံး အပေါ်ပိုင်းဗလာတွေနှင့်သာ။
ရာသီဥတုပူလောင်မှုကြောင့် လူကြီး၊လူငယ်ယောက်ျားသား
တွေမှာ အဝတ်ကပ်သည့်လူဆိုတာ ခပ်ရှားရှားပေ။

''မင်းနဲ့မဆော့ချင်ဘူး"

''ဘာလဲ...ရှုံးမှာကြောက်လို့လား"

ကလေးမျက်နှာနှင့် ခပ်ထေ့ထေ့မျက်နှာပေးက
သိပ်တော့မလိုက်ဖက်လှ။ထို့အပြင် အဆော့လွန်ထားရာမှ
အနာရွတ်ကျန်ရစ်သော ဘယ်မျက်ခုံးအလယ်မှဖြတ်လျက်
အနာရွတ်ဟာ ထိုကလေး၏မျက်နှာကို
ပိုပြီးကြမ်းရင့်ခက်ထန်သွားစေသယောင်။

နွေဦးလက်ဆောင်Hikayelerin yaşadığı yer. Şimdi keşfedin