UNICODE
ညအမှောင်ယံမှာ ပင်လယ်ပြင်ဟာ အဆုံးမရှိတဲ့ ကန္တာရကြီးတစ်ခုလိုပင်။ အေးစက်သော ပင်လယ်ရေထဲမှာ ပူလောင်သော ရင်ဘတ်တစ်ခုနှင့် မေခ ကူးခတ်နေခဲ့သည်။ နိမ့်ချည်မြင့်ချည် လှိုင်းလုံးတွေကြားမှာ သူရှာဖွေနေသူကို မေခ မတွေ့ရ။
မလိခ... မင်းဘယ်မှာလဲ...
အာခေါင်ကိုခြစ်ပြီး အော်ဟစ်ခေါ်လိုက်ပေမယ့် အသံတစ်ခုမှ ထွက်မလာနိုင်ခြင်းက ခံပြင်းစရာ ကောင်းလှသည်။ သူ့နှလုံးသားကို ဆွဲစုပ်ဖြစ်ညှစ်ထားသလို ခံစားမှုမှ ရုန်းထွက်ရန် ကြိုးစားနေရင်း နောက်ဆုံးမှာတော့ အိမ်မက်ဆိုးမှ မောဟိုက်စွာ နိုးလာခဲ့သည်။ နေရောင်ခြည်က ပြတင်းပေါက်မှ လိုက်ကာကို ဖြတ်၍ အခန်းထဲကို ကျရောက်နေပြီ ဖြစ်သည်။
ဒီအိပ်မက်ကို မက်ပြန်ပြီ...
ပင့်သက်ကို လေးလံစွာ ရှိုက်ထုတ်ရင်း တစ်ဘက်ကို လှည့်လိုက်ချိန်မှာမှ သူအိပ်နေတဲ့ အိပ်ရာထဲမှာ သူ့အပြင် နောက်ထပ် လူတစ်ယောက် ရှိနေကြောင်း မေခ သတိပြုမိသွားသည်။
သူ အိမ်ထောင်ကျသွားပြီဆိုတာကို သတိရလိုက်သည် နှင့်တပြိုင်နက် လွန်ခဲ့တဲ့နာရီ အနည်းငယ်တုန်းက ဖြတ်သန်းခဲ့ရတဲ့ မင်္ဂလာဦးညကို အလိုလို ပြန်တွေးမိသွားသည်။
တစ်ညလုံး ဒီကောင်လေး ငိုလိုက်တာ ငိုလိုက်တာ ဆိုတာ... မေခမှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နှိပ်စက်မှု ကျူးလွန်နေမိ သလိုတောင် ခံစားလာရသည်။ တက်မတတ် ချက်မတတ် ငိုနေသဖြင့် သူတောင် အမူးပြေသွားခဲ့ရခြင်း ဖြစ်သည်။ သို့ပေမယ့် သူအမူးပြေသွားပြီး ဒီကောင်လေးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ချိန်က မနက်သုံးနာရီပင် ထိုးပြီးနေပြီဖြစ်ရာ ကောင်လေးမှာ အော်ငိုရလွန်းလို့ အမောဆို့ပြီး စကားတောင် မပြောနိုင်ရှာတော။
မေခမှာ သက်ပြင်းသာချမိသည်။ တကယ်ကို ဘယ်လိုဟာလေးမှန်း မသိပါ။ တကယ်တမ်း ကိုယ့်ကိုလိုချင်လို့ ယူထားတာက သူပေမယ့်၊ မင်္ဂလာဦးညမှာ သူ့လုပ်ပုံက ကိုယ်က သူ့ကို အတင်းသိမ်းပိုက်ထားတဲ့ မကောင်းတဲ့ကောင်ကြီးလို ခံစားလိုက်ရတာ ဖြစ်သည်။
![](https://img.wattpad.com/cover/316147503-288-k595266.jpg)
YOU ARE READING
ဖွင့်ခွင့်မရှိတဲ့တံခါး၊ ပြောခွင့်မရှိတဲ့စကား (BL)
Romanceတွန်းဖွင့်ဝင်ရောက်ခွင့်မရှိတဲ့ တံခါးတစ်ချပ်ရဲ့ အပြင်ဘက်မှာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေရင်း ဖွင့်ဟဝန်ခံခွင့် မရှိတဲ့ စကားတစ်ခွန်းကို ရင်ထဲမှာ သိမ်းဆည်းလို့ ဒီလူက ခင်ဗျားလေး အတွက် ရှင်သန်နေဦးမှာ...