အခန်း (၁) ဆုံစည်းမှု၏အစ

2.6K 120 26
                                    

UNICODE

'မောင်မလိခနှင့် မောင်နွေဦးကဗျာတို့၏ မင်္ဂလာဧည့်ခံပွဲ' ဟူသည့် ပုလဲဖြူရောင် ဖောင်းကြွပန်းစာလုံးများက အနီရင့်ရောင်ပိုးသား ပိတ်ကားထက်တွင် ထည်ဝါစွာ ရှိနေ၏။

အနီရင့်ရောင်များနှင့်သာ အတိပြီးသော မင်္ဂလာစင်မြင့်တွင်ထက်တွင် သောင်းချီသော အဖြူရောင် နှင်းဆီပန်းများနှင့် ဖွေးဖွေးလှုပ်အောင် အလှဆင်ထားခြင်းမှာ အမြင်ဆန်းကာ ထူးခြားနေ၏။ အမျိုးသားနှစ်ဦး၏ လက်ထပ်ပွဲတွင် ပန်းရောင်နှင့် သခွားရောင်ကဲ့သို့သော ပုံမှန်မြင်နေကျ မင်္ဂလာအရောင်များအစား အနီရင့်ရောင်နှင့် နှင်းဆီဖြူကိုသာ အသုံးပြု၍ ပြင်ဆင်ထားခြင်းက ပို၍ အိန္ဒြေကြီးမားစွာ ခန့်ညားစေသည်ကို‌တော့ မငြင်းနိုင်ပါပေ။

မြန်မာပြည်အနှံ့ ဆိုင်ခန်းပေါင်း သောင်းချီ ဖွင့်လှစ်ထားနိုင်သော Convenience Store များ၏ ပဲ့ကိုင်ရှင်ဖြစ်သည့် SMM ကုမ္ပဏီ၏ သားငယ်လေး၏ လိင်တူလက်ထပ်ပွဲမို့ ဒီမင်္ဂလာပွဲက စီးပွားရေးအသိုင်းအဝိုင်းတွင် အများ၏ စိတ်ဝင်စားမှုကို ခံရသော ပွဲတစ်ခု ဖြစ်လေသည်။ ထို့ပြင် ထိုအမျိုးသားလေး၏ သတို့သားက လူမှုကွန်ရက်များတွင် လတ်တလော အလွန်ရေပန်းစားနေသူ တစ်ယောက် ဖြစ်နေသောကြောင့်လည်းဖြစ်သည်။

SMM ၏ သားငယ် နွေဦးကဗျာ ကဲ့သို့ပင် သူ၏ သတို့သား မလိခကလည်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ သားတစ်ယောက် ဖြစ်သော်ငြား မလိခ နာမည်ကျော်ကြားရသည့် အနေအထားက ရွှေမြန်မာ စားသောက်ကုန် လုပ်ငန်း၏ သားတစ်ယောက် အဖြစ်ဖြင့် မဟုတ်ဘဲ ပါရမီရှင် လူငယ်ပန်းချီဆရာ တစ်ယောက် အဖြစ်ဖြင့် ဖြစ်သည်။

"မလိခဘယ်မှာလဲ အန်တီမီ... ဟိုမှာ တောင်ရှည်ပုဆိုး ဝတ်ဖို့တဲ့ ခေါ်နေပြီ"

သူမ၏တူ ကျော်ကျော်မှ အမှတ်တမဲ့ မေးလာသော စကားက သတို့သားမိခင် ဒေါ်မေမီကို နှလုံးဆောင့်ခုန်သွားစေသည်။

"ဒီရောက်တည်းက မင်းနဲ့အတူတူ ရှိနေတာလေ သူဘယ်ရောက်သလဲ မင်းက မသိဘူးလား"

ဒေါ်မေမီ ပြန်မေးလိုက်တော့ ကျော်ကျော်က တုံ့ဆိုင်းသွားပြီး

ဖွင့်ခွင့်မရှိတဲ့တံခါး၊ ပြောခွင့်မရှိတဲ့စကား (BL)Where stories live. Discover now