"အင်း မေမေကြီးမှားတာနော်၊ အဲ့လိုလူကို အလုပ်ခန့်ထားမိတာ"

အချင်းချင်းပွေ့ဖက်ပြီးစကားပြောနေကြတဲ့ သားအမိကြောင့် စည်းစိမ် တို့မိသားစုလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

အန်တီထိပ်ထားရဲ့ပုခုံးပေါ်မေးစေ့လေးတင်လိုက်တဲ့ ကလေးငယ်က အနောက်မှာရပ်နေတဲ့ စည်းစိမ် တို့မိသားစုကိုတွေ့သွားပြီး မျက်မှောင်လေးကျုံ့ကာသေချာကြည့်သည်။အဖေနှင့်အမေကိုခဏတာသာကြည့်ပေမယ့် စည်းစိမ် ဆီကိုအကြည့်ရောက်လာတဲ့အခါမှာတော့ နှာလေးတစ်ချက်ရှုံ့သွင်းပြီးပြောလာသည်က

"ရွှတ်! မင်းက ငါ့ကို ဘာကြည့်တာလဲ"

ဤကား ရာရာနှင့် စည်းစိမ် တို့ရဲ့တွေ့ဆုံခြင်းအစဖြစ်ပါသည်။

***********************************************

(ဆက်ရန်)
(၂၇.၄.၂၀၂၄)

အပြုသဘောဖြင့် ဝေဖန်အကြံပေးသမျှတိုင်းကို လက်သင့်ခံပါတယ်❤️




(Zawgyi)

"အားးးး"

စူးခနဲနေအောင်အော်လိုက်သံကြောင့် အနီးအနားကအိမ်ဖော်တွေအကုန်လုံး ကိုယ်တွေယို့ကာတုန်သွားခဲ့ကြသည်။

"ကိုကို့ကိုခေါ်ပေး! အခုချက်ချင်းလာခဲ့ဖို့ပြောလိုက်!"

အနည်းငယ်နီရဲနေတဲ့ လက်ဖမိုးကိုငုံ့ကြည့်ပြီးပြောလာတဲ့စကားတွေက ဒေါသတွေဖြင့်။မျက်ဝန်းတွေလည်းရဲစွေးနေပြီး အံကိုတင်းတင်းကြိတ်ထားသည်။

"ပြောနေတာမကြားဘူးလား!!"

ဒုန်း!

စားပွဲကိုရိုက်ပြီးထပ်အော်လိုက်သံကြောင့် အလုပ်လုပ်နေတာ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့ အမျိုးသမီးကရှေ့ထွက်လာသည်။

"ဟုတ်ကဲ့ သခင်လေး၊ အိမ်ဖုန်းနဲ့ပဲခေါ်လိုက်ရမှာလားရှင်"

"အိမ်ဖုန်းနဲ့မခေါ်လို့ ဘယ်ဖုန်းနဲ့ခေါ်ချင်တာလဲ!"

"ဟို..သခင်လေးရဲ့ဖုန်း.."

"အမေးအမြန်းကလည်းထူလိုက်တာ၊ အိမ်ဖုန်းနဲ့ပဲခေါ် မြန်မြန်ခေါ်! ငါ့လက်ဒီထက်အခြေအနေဆိုးသွားတာကို မြင်ချင်နေကြတာလား!!"

Your Command (pause)Donde viven las historias. Descúbrelo ahora