လူကြီးတွေစကားကောင်းနေပြီး စည်းစိမ် လည်းအတွေးစုံနေတဲ့အချိန်
"အားးးးး"
ဒုန်း! ဒုန်း! ဒုန်း!
ကလေးအော်သံခပ်စူးစူးနှင့်အတူ အပေါ်ထပ်ကနေအောက်ထပ်ကိုပြေးဆင်းလာသည့် ခြေသံပြင်းပြင်းတွေကိုလည်းကြားလိုက်ရသည်။
အန်တီထိပ်ထား ကထိုင်နေရာမှ ချက်ချင်းထရပ်ပြီးပြေးသွားသလို စည်းစိမ် တို့မိသားစုလည်း ပြေးကြည့်မိကြသည်။
"မေမေကြီး! အီးးဟီးး"
လေးငါးနှစ်အရွယ်ကလေးလေးဟာ လှေကားပေါ်ကနေအောက်ရောက်တာနဲ့ အန်တီထိပ်ထား ရဲ့ဝမ်းဗိုက်မှာ မျက်နှာအပ်ပြီး ဖက်ငိုပါတော့သည်။
အဝါရောင်တီရှပ်လေးနှင့် ဂျင်းboiler တွဲဝတ်ထားတဲ့ကလေးငယ်ရဲ့ခန္ဓာကိုယ်က သေးသေးသွယ်သွယ်။ခန္ဓာကိုယ်သေးပေမယ့်လည်း အော်ငိုသံကတော့စူးနေပါသည်။
"ရာရာ ဘာဖြစ်လို့လဲ မေမေကြီးကိုပြော၊ မငိုဘဲနဲ့ သေချာပြောပြ"
ဒေါ်ထိပ်ထားစံက သူ့ဗိုက်ထဲက သားဖြစ်သူရဲ့မျက်နှာလေးကိုထုတ်ပြီး ဒူးထောက်ချလို့သေသေချာချာမေးလိုက်သည်။မျက်ရည်တွေ နှာရည်တွေဖြင့်ပြည့်နေတဲ့ မျက်နှာဖူးဖူးလေးက ရဲစွေးနေသည်။
"ရာရာ့ ဆံပင်ကိုဖြီးတာ ခေါင်းနာသွားပြီ! သူလုပ်တာ!"
အနောက်က အမျိုးသမီးကိုလက်ညှိုးထိုးပြပြီး အခဲမကျေသလိုတိုင်တောလေတော့ ထိုအမျိုးသမီးရဲ့မျက်နှာဟာ ဇီးရွက်သာသာရှိတော့သည်။
ဒေါ်ထိပ်ထားစံက ထိုအမျိုးသမီးဆီကိုအကြည့်ပို့လိုက်ပြီး
"တစ်လစာယူပြီးအလုပ်ထွက်တော့"
"ရှင်! မ..မမကြီး"
"ဆံပင်ဖြီးတာတောင်သေချာမလုပ်နိုင်တာ၊ ငါကနင့်ကိုဘာယုံကြည်ပြီး အလုပ်ဆက်ခန့်ရမှာလဲ၊ ငါ့သားလိုလူက လေကြမ်းကြမ်းတောင်တိုက်ခံခွင့်မရှိဘူး၊ အခုချက်ချင်းအလုပ်ထွက်!"
အမျိုးသမီးဟာ မျက်ရည်စမ်းစမ်းဖြင့်ပဲ ခပ်ယို့ယို့လေးထွက်သွားတော့သည်။
"အရမ်းနာသွားလား ရာရာ"
"ဆံပင်ကျွတ်သွားတာ"
Your Command-1
Start from the beginning
