"အာ! ကိုကိုအခု စကားများနေတာကမှ အချိန်ကြာနေတာ၊ ငါ့ကို ထမင်းလေးခဏခွံ့ကျွေးပြီးမှသွားတော့ ဘာဖြစ်မှာမို့လို့လဲ၊ မသိဘူး! ထမင်းခွံ့ကျွေးပြီးမှသွားရမယ်"
စည်းစိမ် နာရီကိုနောက်တစ်ခေါက်ပြန်ကြည့်လိုက်လျှင် ရာရာ ပြောလာသည်က
"ငါ မြန်မြန်ဝါးစားပေးမယ်လေ"
ထိုအခိုက် စည်းစိမ် ပြုံးမိရင်း ခေါင်းတစ်ချက်ညိမ့်ကာ ထမင်းစခွံ့ဖို့ပြင်လိုက်တော့သည်။ထိုအခါမှ မှိုရသလိုမျက်နှာလေးဖြစ်သွားတဲ့ ရာရာ။စည်းစိမ် အပေါ်ငယ်နိုင်လေးဖြစ်သည်။ဒါဟာလည်း ၉နှစ်ငယ်တဲ့ကောင်လေးအပေါ် စည်းစိမ် ရဲ့အကျင့်ဖြစ်နေတဲ့ အလိုလိုက်ထားမှုကြောင့်ပေါ့။
***********************************************
"သားလေး ဒီကအန်တီရဲ့နာမည်က ဒေါ်ထိပ်ထားစံ တဲ့၊ အမေတို့ရဲ့ကျေးဇူးရှင်ပေါ့"
"တွေ့ရတာဝမ်းသာပါတယ်ဗျ အန်တီ"
ထည်ဝါတဲ့ဟန်ပန်ဖြင့် မာန်အပြည့်ဖြစ်နေတဲ့ အမျိုးသမီးကြီးက စည်းစိမ် ကိုပြုံးပြလာသည်။
"နာမည်က ဘုန်းစည်းစိမ်ပြည့် မလား"
"ဟုတ်ပါတယ်ဗျ"
"အသက်က ၁၄နှစ်ဆိုပေမယ့် ထွားတာပဲ၊ အရပ်လည်းရှည်တယ်"
ချီးကျူးသလိုမျိုးမို့ စည်းစိမ် သွားတန်းလေးတွေပေါ်သည်အထိ ပြုံးပြလိုက်မိသည်။
"အစ်မထိပ်ထား ဒါက ကျွန်တော်တို့ပြန်ဆပ်တဲ့ငွေပါ"
စားပွဲပေါ်တင်ပေးလာသည့် ငွေအထုတ်လိုက်ကိုကြည့်ပြီး ဒေါ်ထိပ်ထားစံက ခေါင်းအသာညိမ့်သည်။ဘုန်းစည်းစိမ်ပြည့် ရဲ့မိဘနှစ်ပါးဟာ လုပ်ငန်းအရှုံးပေါ်စဉ်ကာလက ဒေါ်ထိပ်ထားစံ ဆီကနေအကူအညီကိုယူပြီး လုပ်ငန်းပြန်လည် လည်ပတ်ခဲ့ကြတာဖြစ်သည်။ထို့ကြောင့် ဒေါ်ထိပ်ထားစံ ကသူတို့မိသားစုရဲ့ကျေးဇူးရှင်လိုဖြစ်နေပါသည်။
"လုပ်ငန်းပြန်အောင်မြင်တာကို ဝမ်းသာပါတယ်"
"အစ်မရဲ့ကျေးဇူးနဲ့အကူအညီတွေကြောင့်ပါဗျာ"
"ဟုတ်ပါတယ်ရှင်"
လူကြီးတွေရဲ့စကားဝိုင်းထဲ ဝင်မပါတတ်တဲ့ စည်းစိမ် ကတော့အိမ်ကြီးရဲ့အပြင်အဆင်ကိုသာ ဟိုဒီမျက်လုံးကစားကြည့်နေသည်။အပြင်ပိုင်းမှာကြည့်ခဲ့တုန်းက ခမ်းနားထည်ဝါတဲ့နှစ်ထပ်အိမ်ကြီးဟာ အတွင်းပိုင်းမှာတော့ ပိုလို့တောင်ခမ်းနားနေသေးသည်။စည်းစိမ် တို့လည်းတိုက်နှင့်ခြံဖြင့် ပြည့်ပြည့်စုံစုံနေရတာမှန်ပေမယ့် ဒီအိမ်ကြီးကတော့ စည်းစိမ် တို့အိမ်ထက် ပိုပြီးတော့ခမ်းနားထည်ဝါလွန်းလှသည်။
Your Command-1
Start from the beginning
