စည်းစိမ် ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ ထမင်းစားခန်းထဲမှာ သူနှင့်ရာရာသာကျန်တော့သည်။
ရာရာ ကသူလုပ်ချင်တာဆို ဖြစ်အောင်လုပ်တတ်သူမို့ စည်းစိမ် လည်းစကားလမ်းကြောင်းလွှဲဖို့သာပြင်လိုက်သည်။
"ထမင်းမစားရသေးဘူးလား"
"ဟင့်အင်း၊ ဘယ်လိုလုပ်စားပြီးမှာလဲ၊ ကိုကိုရော"
"ကိုယ်ကစားပြီးပြီ၊ စားပြီးနားနေတုန်း ရာရာ့သတင်းရောက်လာတာနဲ့အမြန်ထွက်လာခဲ့တာ"
ရာရာ့ ရဲ့မျက်နှာလေးက ပြုံးတုံ့တုံ့ဖြစ်သွားသည်။
"ကိုကို ငါ့ကိုစိတ်ပူတယ်ပေါ့"
"အင်း"
"ပြီးတာပဲ"
"အခုဆေးထည့်ရအောင်၊ ပြီးရင် ထမင်းစားလေ၊ ဗိုက်ဆာတယ်မလား"
"ဆာတယ်"
ရာရာ ဗိုက်ဆာနေတာကြောင့် ဆေးအိတ်ထဲကဆေးကိုထုတ်ပြီး အမြန်လိမ်းပေးဖို့ပြင်ရသည်။
"ကိုယ်ပွတ်လိမ်းမှာမို့ နည်းနည်းစပ်မယ်နော်"
ရာရာ့ မျက်နှာလေးရှုံ့တွသွားပေမယ့် ခေါင်းညိမ့်ပြသည်။စည်းစိမ် လည်းအချိန်ဆွဲမနေတော့ဘဲ ဆေးအမြန်လိမ်းပေးလိုက်သည်။ဆေးလိမ်းနေတုန်း ပါးစပ်ကနေလေမှုတ်ပေးဖို့လည်း စည်းစိမ် မမေ့ပါ။
ဒဏ်ရာရတာမကြိုက်တဲ့ကောင်လေးက သတ္တိတော့ရှိသည်။မျက်နှာလေးရှုံ့မဲ့နေရုံကလွဲကြိတ်ခံနေပါသည်။
ဒဏ်ရာကိုဆေးထည့်ပြီးသွားတော့ ထမင်းစားဖို့အလှည့်ရောက်လာသည်။
"ကိုကို ခွံ့ကျွေး"
စည်းစိမ် လက်ကနာရီကိုတစ်ချက်ကြည့်လိုက်တော့ ရာရာက မျက်ခုံးတွန့်သည်။
"ဘာလဲ၊ အချိန်မရဘူးလား"
"နောက်နာရီဝက်နေရင်တော့ လူနာတစ်ယောက်ကြည့်ဖို့ရှိတယ် ရာရာရဲ့"
"ကိုကို့ဆေးခန်းက nurse တွေက လူနာကြည့်ပေးဖို့လောက်တောင် သုံးစားမရဘူးလား"
"အဲ့လိုမပြောရဘူးလေ ရာရာ၊ လူနာက ကိုယ်နဲ့ကုမှရမယ့်အခြေအနေမို့လို့ပါ"
Your Command-1
Start from the beginning
