"အင်း၊ ပြဦး၊ လက်က ဘယ်လောက်တောင်ထိသွားတာလဲ"

ဘေးနားကခုံမှာ စည်းစိမ် ဝင်ထိုင်လိုက်တော့ ရာရာ့ အနာကိုရေခဲကပ်ပေးနေတဲ့အမျိုးသမီးက အ​နောက်ဆုတ်သွားသည်။

"ကိုကိုက ရေခဲကပ်ထားဆိုလို့သာကပ်တာ၊ စပ်ဖြင်းဖြင်းဖြစ်တယ်"

ဒဏ်ရာကိုကြည့်လိုက်တဲ့အခါမှာ သိပ်တော့မကြီးပေမယ့် ရဲတော့ရဲနေသည်။

"နောက်ကျရင် အပူဖုဖြစ်လာမှာမလား"

"ဆေးသေချာလိမ်းရင်တော့မဖြစ်ပါဘူး"

"ကျစ်! ဒဏ်ရာရတာမကြိုက်ဘူးဆိုနေမှ၊ အလုပ်လုပ်တာအချိုးကိုမပြေကြဘူး"

"ရေခဲအိတ်ပေးပါ"

အမျိုးသမီးလက်ထဲက ရေခဲအိတ်ကိုတောင်းပြီး ရာရာ့ လက်ဖမိုးပေါ် စည်းစိမ် ညင်ညင်သာသာလေးကပ်ပေးလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ၊ ကိုယ့်ကိုသေချာပြောပြပါဦး"

"အဲ့မှာလေ၊ အလုပ်လုပ်တာဖြင့် အိုပြီးသေတော့မယ် အခုအချိန်ထိ တုန်ချိချိနဲ့၊ ဟင်းရည်ပန်းကန်ကဟင်းရည်ပူတွေ လက်ပေါ်စင်ကုန်တာ"

"ဒေါ်ဒေါ်မြတော့မဟုတ်ဘူးမလား"

"ဒေါ်မြမဟုတ်ပါဘူး၊ ဟို ပန်းဖြူ ဆိုတဲ့တစ်ယောက်"

စည်းစိမ် သက်ပြင်းအသာချလိုက်မိသည်။ထိုအမျိုးသမီးက ရာရာ့ ထက်အသက်သိပ်မကြီး၍သာတော်တော့သည်။

"အခု အဲ့အမျိုးသမီးရော"

"အလုပ်ထုတ်လိုက်ပြီ"

စည်းစိမ်; ရာရာ့ ကိုကြည့်လိုက်တော့ ရာရာ ကခပ်တည်တည်ဖြင့်သာ။

"သူ ဒီအိမ်မှာအလုပ်လုပ်တာ နှစ်ပေါက်နေပြီမလား"

"အင်းလေ၊ အဲ့ဒါကြောင့် အိုသေတော့မယ်ပြောတာပေါ့၊ ဒီလိုအနာတောင်ဖြစ်ထားရတာ၊ အဲ့မိန်းမကိုခွင့်လွှတ်စရာလား"

"ဒါပေမယ့်လည်း မတော်တဆမလား"

"မတော်တဆဆိုတိုင်းထိခိုက်ပေးရမှာလား! ကိုကိုနော်! ဘာမှပြောဖို့မစဉ်းစားနဲ့၊ အဲ့မိန်းမကို အလုပ်ထုတ်လိုက်ပြီဆို ထုတ်လိုက်ပြီပဲ!"

Your Command (pause)Where stories live. Discover now