သေသပ်စွာလှန်တင်ထားသည့် အနက်ရောင်ဆံပင်တွေက နှဖူးပြင်မကျဉ်းမကျယ်နှင့် လိုက်ဖက်ညီလှသည်။ရှပ်အင်္ကျီအရောင်နှင့်လိုက်ဖက်ညီစွာ အသားအရေကဝါဝါဝင်းဝင်း။ထိုင်နေတာတောင် ရှည်လျားမှန်းသိသာစေသည့်အရပ်က အနည်းဆုံးခြောက်ပေရှိရမည်။

ကားကိုအလျင်စလိုမောင်းနှင်နေသည့်ထိုအမျိုးသားဟာ ကြည့်ကောင်းတာထက်ပိုသည့် ချောမောတဲ့ရုပ်ရည်နှင့် အချိုးအဆစ်ကျလှသည့် ခပ်တောင့်တောင့်ခန္ဓာကိုယ်အားပိုင်ဆိုင်ထားပါသည်။

ထိုအမျိုးသားရဲ့နာမည်က ဘုန်းစည်းစိမ်ပြည့် ဖြစ်ပြီး အထွေထွေရောဂါကုဆရာဝန်တစ်ယောက်ဖြစ်သည်။ကိုယ်ပိုင်ဆေးခန်းတစ်ခုဖွင့်ထားပြီး တနင်္လာနေ့ကနေ သောကြာနေ့အထိ ဆေးခန်းထိုင်ကာ စနေနှင့်တနင်္ဂနွေမှာတော့ ဆေးရုံကြီးမှာအလုပ်လုပ်ပါသည်။တစ်ဦးတည်းသောသားဖြစ်ပြီး မိဘနှစ်ပါးလုံးဟာလည်း သက်ရှိထင်ရှားရှိနေသေးသည်။အသက်က ၂၇နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ထက် ၉နှစ်နီးပါးလောက်ငယ်တဲ့ ချစ်သူကောင်လေးရှိပါသည်။အခုလည်း ကားကိုအလျင်စလိုမောင်းပြီး ထိုချစ်သူကောင်လေးဆီသွားနေတာဖြစ်သည်။

မင်းအခရာ ဆိုတဲ့ကောင်လေးက စိတ်လက်တစ်ဆစ်မို့ အခုအချိန်ဆို အတော်လေးပွက်လောရိုက်နေလောက်လေပြီ။အတွေးနှင့်အတူ ကားကိုအရှိန်အနည်းငယ်ထက်မြှင့်ပြီး ဦးတည်လိုက်တော့သည်။

သို့သော် လမ်းကွေ့တစ်ခုအရောက်တွင်

ကျွီ!

စည်းစိမ် ကားကိုအလျင်အမြန်ဘရိတ်အုတ်လိုက်တော့ သူ့ကားရှေ့က စက်ဘီးဟာလည်း လဲကျသွားခဲ့သည်။သူကားပေါ်ကနေ အမြန်ပြေးဆင်းသွားမိသည်။

ကားရှေ့မှာတော့ စက်ဘီးနှင့်အတူလဲကျနေတဲ့ကောင်လေးက သူ့တံတောင်လေးသူကိုင်ကြည့်နေသည်။

"အရမ်းထိသွားတာလား၊ တောင်းပန်ပါတယ်ဗျာ၊ အလျင်လိုနေလို့ စက်ဘီးထွက်လာတာမမြင်လိုက်မိဘူး"

ထိုအခါ မျက်မှန်ဝိုင်းလေးအသာပင့်တင်ရင်း မော့ကြည့်လာတဲ့ကောင်လေးက ခေါင်းကိုခါပြကာ

Your Command (pause)Where stories live. Discover now