အပိုင်း(၅)

152 35 1
                                    


၅၄။

အဆို : နာမည်သိပ်မကြီး သရုပ်ဆောင်ချာတူးလန်တဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် သူနဲ့သူ့ပြိုင်ဘက်ကို ပရိသတ်တွေ အက်ဒစ်ထားတဲ့ BLဗီဒီယိုတစ်ပုဒ် ကြည့်နေတာကို သူ့ပြိုင်ဘက်က လက်ပူးလက်ကြပ်မိသွားတယ်တဲ့။

မေးခွန်း : အဲ့ဒီထက် ပိုအနေရခက်တဲ့အရာမျိုး ရှိသေးလား?

အဖြေ : သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ဝါရင့်သဘာရင့် သရုပ်ဆောင်အိုကြီးလို မျက်ခြည်မပျက်ကြည့်နေတဲ့ သူ့ပြိုင်ဘက်ရဲ့ ဖေါက်ထွက်မတတ် စူးစူးစိုက်စိုက် အကျိုးဆောင်သော အကြည့်အောက်မှာ ဇာတ်ကွက်တစ်ခုကို ပြီးတဲ့အထိ သရုပ်ဆောင်ရတာပဲ။

၅၅။

ကျွန်တော့်မှာ 'အနေရခက်'ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရလဲဆိုတာ တကယ်ကြီး မေ့လုနီးပါး။ ကျွန်တော့်နောက်ကျောတစ်ခုလုံးက ပျော့ခွေယိုင်လျက် အဓိက‌ဇာတ်ဆောင်ကို ကြက်သေသေစွာ ဝမ်းနည်းပက်လက် အကြည့်မျိုးနဲ့ ကြည့်ပြီး အမျိုးသမီးဇာတ်ဆောင်နဲ့သာ သက်ဆိုင်သင့်တဲ့ ခံစားချက်မျိုးနဲ့ ကျွန်တော့်ဘာသာ အတင်း သရုပ်ဆောင်ယူလိုက်ရတယ်။

အဓိကဇာတ်လိုက်ဖြစ်သူ သရုပ်ဆောင်ပြီးတဲ့အခါ သူ့ခမျာ ကျွန်တော့်ကို မကြည့်ရဲရှာတော့။ ကျွန်တော် သူ့နာမည်ကို ခေါ်မိတာနဲ့ မျက်နှာရဲရဲနဲ့ ပြေးတော့တာပဲ။

၅၆။

ကျွန်တော့်သရုပ်ဆောင်စွမ်းရည်ကို မမြှင့်လာမိတဲ့အချက်ကို ကျွန်တော် တကယ် နောင်တရမိတယ်။

ဒါပေမယ့် အချင်းရော အဆင်းရော အရမ်းပြည့်တဲ့ ကျွန်တော့်ရဲ့ပြိုင်ဘက်ကတော့ ပြောရှာပါတယ်။ အခွင့်အရေးရှိရင် ကျွန်တော့်ကို ဘယ်လိုသရုပ်ဆောင်ရမလဲ သင်ပေးမယ်တဲ့။

ကျွန်တော့်ပြိုင်ဘက်က အရမ်းကောင်းချက်။ ကျွန်တော့်အိမ်လိုပဲ ၊ သူက အကြင်နာဆုံး နားခိုရာ ၊ ကျွန်တော့်နောက်က စိတ်အချရဆုံး အားပေးထောက်ခံသူ…

၅၇။

…ငါ့ဖင်ကြီး!

၅၈။

တစ်နေကုန်လုံး ကျွန်တော့်ပြိုင်ဘက်က ကျွန်တော့်ကို သူ့အသွေးအသားကို တပ်မက်နေတဲ့ နှာဘူးကောင်လို့ ထင်သွားမှာကြောက်ပြီး စိတ်ညစ်ခဲ့ရတယ်။ ဟိုတယ်ခန်းဆီ ပြန်ရောက်တာနဲ့ တံခါးကိုလော့ခ်ချ မီးကိုမှိတ် ခန်းစီးတွေကို သေသေချာချာ အလုံပိတ်ပြီး ထိုဗီဒီယိုကိုပြန်ကြည့်လိုက်တော့ သူဝင်လာတဲ့အချိန် ကျွန်တော်ကြည့်နေတဲ့ဇာတ်ကွက်က သူတစ်ယောက်တည်းပါတဲ့အခန်းဖြစ်နေမှန်း သိလိုက်ရတယ်။ လက်စသတ်တော့ ဘာတစ်ခုမှ ပေါ်မသွားဘူးတဲ့!

You've reached the end of published parts.

⏰ Last updated: Apr 25 ⏰

Add this story to your Library to get notified about new parts!

I Ship My Rival X Me [မြန်မာဘာသာပြန်]Where stories live. Discover now