အပိုင်း(၃)

243 53 6
                                    


၃၄။

ကျွန်တော် ခံစားလိုက်ရတယ်။

အပြာကားကြည့်ပြီး မင်းအာသာဖြေနေတုန်း မင်းရဲ့မိဘ‌တွေမြင်သွားတဲ့ ကို့ရို့ကားယား ခံစားချက်က အခု ကျွန်တော် ခံစားနေရတာကို နည်းနည်းလေးတောင် ယှဉ်လို့မရဘူး။

မဟုတ်သေးဘူး။

အပြင်းစား အကြမ်းစား အပြာကားကို ကြည့်ပြီး မင်းအာသာဖြေနေတုန်းမှာ မင်းရဲ့မိဘတွေ တွေ့သွားတဲ့ ကို့ရို့ကားယား ခံစားချက်ကမှ အခု ကျွန်တော့် ခံစားချက်ကို အမှန်တကယ် ယှဉ်မရတာ။

၃၅။

ကျွန်တော် ဖုန်းကို အလင်းလိုအလျင်နဲ့ ပိတ်လိုက်ပြီး ကြည့်မရအောင် ရက်ရက်စက်စက် ဖုံးထားလိုက်၏။ ကုရိလျန်ကို ကျွန်တော် အစွမ်းကုန် ပြုံးပြလိုက်ပြီး "အာ မင်္ဂလာပါ"

"....." ကုရိလျန်က ကျွန်တော့်ဖုန်းမှ အကြည့်မလွှဲသေး။ သူက တစ်ခဏလောက် တိတ်ဆိတ်နေပြီးမှ ကျွန်တော့်ကို ပြန်နှုတ်ဆက်လာသည်။

ကျွန်တော့်ရဲ့ အဆုံးမရှိသော အရှက်ကွဲမှုကို ဖြည့်တင်းရန် စကားလုံးတွေကို ကျွန်တော် တည်တည်ငြိမ်ငြိမ် ရှာဖွေလိုက်သည်။ "ငါတို့အတူရိုက်ရမယ့်ဇာတ်ဝင်ခန်းတွေများသားပဲ။ မင်းအားရင် အတူလေ့ကျင့်ကြမယ်လေ?"

"ကောင်းပြီ" သူက ခေါင်းငြိမ့်ပြပြီး "ရိုက်ကူးရေးအသင်းဆီ ငါက အခုမှရောက်ဝာာဆိုတော့ အားလုံးကို လိုက်နှုတ်ဆက်နေတာ"

စကားဝိုင်းက ဘာမှမှားမနေပေမယ့် ဘာဖြစ်လို့ စကားတစ်ခွန်းနဲ့တစ်ခွန်း အဆက်အစပ်မရှိသလို ခံစားနေရတာလဲ?

ကျွန်တော်လည်း ခေါင်းပြန်ငြိမ့်ပြလိုက်ပြီး "ဪ ဟဟ ဒီမလာခင် စားပြီးခဲ့ပြီလား?"

သူက ပြန်မဖြေခင် ခဏရပ်သွားသည်။ "မစားရသေးဘူး"

ဒီစကားဝိုင်းကို ရှေ့ဆက်၍ မရတော့ချေ။ ကျွန်တော့်ကိုယ်ထဲရှိ လူယုတ်မာက နေရခက်လွန်း၍ တွန့်လိမ်နေတော့၏။

၃၆။

နောက်ဆုံးတွင်မူ ကျွန်တော့် ကယ်တင်ရှင်ကြီးက ရှောင်ချန်။ သူက အင်အားအပြည့်ဖြင့် အခန်းထဲသို့ လက်ထဲတွင် ဘာဘယ်တီးနှစ်ခွက်ကိုင်လျက် ပြေးဝင်လာရင်း အားရပါးရ ပြောလာသည်။ "ဘယ် တော့ပင်(Topping)လိုချင်လဲ မပြောလိုက်တော့ ကျွန်တော် နှစ်ခွက်ဝယ်လာခဲ့တယ်။ ဘယ်ဟာပိုကြိုက်လဲ ကြည့်မလား?"

I Ship My Rival X Me [မြန်မာဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ