အပိုင်း(၁)

540 64 4
                                    


၁။

ကျွန်တော့်ပြိုင်ဘက် ကုရိလျန်ဆိုတာက ကောင်းချီးပေးခံထားရတဲ့ Idolလိုမျက်နှာနဲ့ အမိုက်စား အံ့မခန်း သရုပ်ဆောင်စွမ်းရည်ရှိတဲ့ ဒုတိယအဆင့် လတ်လတ်ဆတ်ဆတ် အသားလေးတစ်တုံး။ ရုပ်ရှင်ဖြစ်ဖြစ် ဇာတ်လမ်းရှည်ဖြစ်ဖြစ် ဘယ်လိုနေရာမှာ သူပေါ်ထွက်လာပါစေ ၊ ဇာတ်ကောင်က အဓိကဇာတ်လိုက်ဖြစ်ဖြစ် ဒုတိယဇာတ်လိုက်ဖြစ်ဖြစ် အရံသရုပ်ဆောင်ဖြစ်ဖြစ် သူဘယ်နေရာမှာပဲ သရုပ်ဆောင်ပါစေ အားလုံးက ချိတ်ပိုးထည်မှာထိုးတဲ့ပန်းလို။ ရုပ်ရှင်ဝေဖန်သူတွေက စိတ်ရင်းနဲ့ သူ့ကိုမြှောက်ပင့်ဖို့ စာအရှည်ကြီးတွေ ရေးကြပြီး ကုမ္ပဏီကလည်း သတင်းစာတွေထဲမှာ သူ့အကြောင်းကို ရွှန်းရွှန်းဝေအောင် ချီးမွမ်းစကားတွေ ပြောတယ်။ သူ့Weiboကကွန်မန့်တွေကို ဝင်ကြည့်မယ်ဆိုလည်း အမြဲလိုလို ပြည့်နှက်နေတာက ပန်းအီမိုဂျီတွေ ၊ လက်မအီမိုဂျီတွေ။

ကျွန်တော်ဆိုတဲ့ ဝေ့ယန်ကျစ်ကတော့ Idolလိုမျက်နှာ ဥအနှစ်လို သရုပ်ဆောင်စွမ်းရည်နဲ့ တတိယအဆင့် အသားလေးတစ်တုံးပါ။ ရုပ်ရှင်ဖြစ်ဖြစ် ဇာတ်လမ်းရှည်ဖြစ်ဖြစ် ဘယ်လိုနေရာမှာ ကျွန်တော်ပေါ်ထွက်လာပါစေ ၊ ဇာတ်ကောင်က အဓိကဇာတ်လိုက်ဖြစ်ဖြစ် ဒုတိယဇာတ်လိုက်ဖြစ်ဖြစ် အရံသရုပ်ဆောင်ဖြစ်ဖြစ် ကျွန်‌တော်ဘယ်နေရာမှာပဲ သရုပ်ဆောင်ပါစေ အားလုံးက ခွေးမြီးပန်းသာသာ။ အမြဲတမ်း ခြောက်သွေ့နွမ်းလျနေပြီး အလှပန်းအိုးထဲထည့်ရန်ပင် မထိုက်တန်သူ။

အင်တာဗျူးတွေဆိုရင် သူက သူ့ကာရိုက်တာနဲ့ပတ်သတ်တဲ့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေအကြောင်းကို လုံးစေ့ပတ်စေ့ ပြောပြနိုင်ပြီး Golden Awardရအောင် သူကြိုးစားနေတဲ့အကြောင်းကို ဖုံးကွယ်စရာမလိုဘဲ ထုတ်ပြောနိုင်သူဖြစ်ကာ ကျွန်တော်ကတော့ အင်တာဗျူး‌တွေမှာ မကောင်းသတင်းနဲ့ ကောလဟာလတွေသာ အမေးခံရပြီး ကင်မရာရှေ့တွင် ကိုယ့်ကိုကိုယ် သရုပ်ဆောင်ဟုပင် မခေါ်ရဲပါချေ။

အပိုတွေမပါဘဲ အမှန်အတိုင်း ရှင်းပြရရင် ဖျော်ဖြေရေးလောက အသိုင်းအဝိုင်းထဲ သူက တိမ်တိုက်တွေအလယ်က လမင်း ၊ ရေကန်‌ဘေးက ပန်းပွင့်ဆိုပါက ကျွန်တော်ကတော့ မြေကြီးပေါ်က အဝါရောင်ဂေါ်ဖီထုပ်ကြီးပါ။

I Ship My Rival X Me [မြန်မာဘာသာပြန်]Where stories live. Discover now