အပိုင်း ၃၃

675 48 2
                                    

မိုးတွေ တဖွဲဖွဲတသဲသဲရွာနေတယ်။

ဈာပနပွဲကိုလာကြသူတွေရဲ့ မျက်နှာမှာ စိတ်မကောင်းဖြစ်မှု ကြေကွဲ၀မ်းနည်းမှုတွေနဲ့အတူ စကားတစ်ခွန်းမှ မပြောကြဘဲ ခေါင်းငုံ့တိတ်ဆိတ်နေတယ်။

အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားတဲ့ဂျွန်ဟွန်က ဖြူဖျော့‌နေသလိုပဲ။ သူက လူ‌‌တွေရဲ့အရှေ့ဆုံးမှာ မတ်တပ်ရပ်နေပြီး ခေါင်းငိုက်စိုက်ကျနေတယ်။ သူရဲ့နောက်မှာရှိ‌နေတဲ့ ဆောမွန်ဟွတ်ကတော့ တစ်ခုခုကို စိုးရိမ်ပူပန်နေတဲ့ပုံပဲ။ သည်းထန်လွန်းလှတဲ့ မုတ်သုန်မိုးဟာ လူတိုင်းရဲ့ ဖိနပ်အကောင်းစားတွေကို ရွှဲရွှဲစိုစေတယ်။ ဒါပေမဲ့ ဘယ်သူမှတော့ အပြင်ကိုထုတ်ပြီး မကျေမနပ်နဲ့ မညည်းညူကြဘူး။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားတယ်။ ဂျွန်ဟွန်က သူရဲ့ (သားတစ်ယောက်ရဲ့)တာ၀န်၀တ္တရားတွေကို တည်တည်ငြိမ်ငြိမ်ပဲလုပ်ဆောင်သွားတယ်။ ဘယ်လောက်ပဲ ရင်ထဲမှာ မုန်တိုင်းထန်ပြီး ပျက်စီးပြိုလဲနေပါစေ အခုချိန်မှာ သူက ဟျွန်းဂျင် လုပ်ငန်းစုရဲ့ ဆက်ခံသူ မဟုတ်လား။ နာရေးကို လာကြတဲ့ဧည့်သည်တွေက သူ့ဆီလာပြီး ထုံးစံအတိုင်း ၀မ်းနည်းကြောင်း နှစ်သိမ့်‌စကားဆိုကြတာမို့ ဆက်တိုက်ကိုပဲ ဂရုတစိုက်နဲ့ လေးလေးနက်နက်နားထောင်ပေး‌နေရတယ်။

နောက်ဆုံးမှာတော့ နာရေးအခမ်းအနား ပြီးဆုံးသွားပြီး ဧည့်သည်တွေအကုန်လုံးလည်း သူတို့ရဲ့အနက်ရောင်ကားတွေကို မောင်းပြန်သွားကြပြီ။ မိုးက ပိုပြီးတော့တောင် သည်းလာသလို သူတို့ရဲ့ စိတ်တွေလည်း လေးလံထိုင်းမှိုင်းလို့နေတယ်။

အုံ့ဆိုင်းမှုန်မှိုင်းနေတဲ့ ပတ်၀န်းကျင်တစ်ခုလုံးမှာ ဂျွန်ဟွန်တစ်ဦးတည်းပဲ သူ့အဖေနဲ့အတူ ကျန်နေရစ်ခဲ့တယ်။

ဂျွန်ဟွန်က ထီးဆောင်းထားရင်း အလုပ်သမားတွေက အခေါင်းရဲ့ဦးပိုင်းကို စတင်ပြီး မြေဖို့နေကြတာကို အေးတိအေးစက် ကြည့်နေတယ်။

ဘာလို့ အဲ့ဒီ့လို လုပ်ခဲ့တာလဲ?

သူ့အတွေးထဲမှာ မေးခွန်းပေါင်းများစွာပြေးလွှားနေပေမဲ့ တစ်ခု‌သောမေးခွန်းကတော့ရှင်းရှင်းလင်းလင်း ရှိနေခဲ့တယ်။

You've reached the end of published parts.

⏰ Last updated: Apr 25 ⏰

Add this story to your Library to get notified about new parts!

The Man's Perfect Wife Myanmar Translation Where stories live. Discover now