အပိုင်း ၅

3.1K 154 7
                                    


Warning : graphic content !!!

ဂျွန်ဟွန် ကွန်ပျူတာ ‌monitor ကိုကြည့်နေရင်း နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ ပွတ်နေခဲ့တယ်။

ဘယ်လိုပဲကြည့်ကြည့် တစ်ခုခုက ထူးဆန်းနေတယ် ဒါကိုဘယ်သူလုပ်နိုင်လောက်သလဲ။

ဟျွန်ဂျင်းလုပ်ငန်းစုနဲ့ R&K ရင်းနှီးမြုပ်နှံမှုလုပ်ငန်း က အကျိုးတူပူးပေါင်းတဲ့အဖွဲ့ကို လွန်ခဲ့တဲ့နှစ်နှစ်ကဖွဲ့စည်းခဲ့ပြီးတော့ သူရဲ့လက်ထပ်ပွဲနဲ့ ခိုင်မာစေခဲ့ တယ်။  “The Tropical” အတွက် အချိန်တစ်နှစ်ယူပြီးတော့  UAEအစိုးရရဲ့ ခွင့်ပြုချက်ကို ရအောင်ယူခဲ့တယ်။ တိုးတက်မှုနှုန်းက နှေးတယ်ဆိုရင် တောင် အကောင်းဆုံးတွေဖြစ်လာမယ်လို့ သူတို့ ယုံကြည်ထားခဲ့ကြတယ်။ ဒီ Project က 1 trillion won (၁,၀၀၀,၀၀၀,၀၀၀,၀၀၀) တန်ကြေး ရှိပြီးတော့ ဟျွန်ဂျင်း ရင်းနှီးမြုပ်နှံမှုနဲ့ R&K ရင်းနှီးမြုပ်နှံမှု တို့က 250 billion won စီနဲ့ ဥရောပ နဲ့ အရှေ့အလယ်ပိုင်း (middle east)ရင်းနှီးမြုပ်နှံသူတွေဆီက 500 billion won အသီးသီးထည့်ဝင်ထားကြတယ် ။ လူလုပ် ပင်လယ်နဲ့ ကျွန်းတွေ (သဘာ၀ အတိုင်းမဟုတ်ဘဲ လူတွေဖန်တီးပြုလုပ်ထားတဲ့ ပင်လယ်နဲ့ ကျွန်း)ကို ဟျွန်ဂျင်း ဆောက်လုပ်ရေးကုမ္ပဏီ နဲ့ ဂျာမနီ နိုင်ငံက Schutweizen အင်ဂျင်နီယာ လုပ်ငန်းကုမ္ပဏီ တို့ကနေ ဆောက်လုပ်ကြမှာဖြစ်တယ်။

ဟျွန်ဂျင်းနဲ့  R&K ရင်းနှီးမြုပ်နှံရေး တို့ “The Tropical” မှာ 500 billion won ကို ရင်းနှီးမြှုပ်နှံ ချိန်ကစပြီး ပြဿနာတွေ စတော့တာပဲ။

အခု အဲ့ဒီ 500 billion won က သဲလွန်စတစ်ခုမှ မကျန်ဘဲ ပျောက်ဆုံးသွားရုံတင်မကဘူး Hashad al-Maktoum ကော်ပိုရေးရှင်းရဲ့ ခေါင်းဆောင်ကလည်း သဲကန္တာရထဲက တံလျှပ်လိုမျိုး အငွေ့ပျံပျောက်ဆုံး နေတယ်။ မယုံနိုင်စရာကောင်းလောက်အောင် အရာရာဟာ သူတို့မျက်စိအောက်မှာပဲ ဗြောင်ကျကျ ဖြစ်ပျက်သွားခဲ့တော့ ဟျွန်ဂျင်း နဲ့ R&K လုပ်ငန်းစုတို့ကိုပိုပြီးတော့‌ထိတ်လန့်သွား‌စေတယ်။ ဒီကိစ္စကို သေချာစဥ်းစားကြည့်လေလေ ရယ်စရာ ကောင်းလေလေပဲ။

ရှုပ်ထွေးမှုတွေနဲ့စတင်ခဲ့တဲ့ ကုမ္ပဏီနှစ်ခုရဲ့ပူးပေါင်းမှုက‌ အခုတော့ စစ်ပွဲတစ်ခုရဲ့အလယ်ကို ရောက်နေပြီ။ R&K က ဟျွန်ဂျင်းကို အပြစ်တင်သလို ဟျွန်ဂျင်းကလည်း R&K ကို အပြစ်တင်ကြရင်း နှစ်ဖက်စလုံးက တင်းမာနေကြတယ်။

The Man's Perfect Wife Myanmar Translation Where stories live. Discover now