အပိုင်း ၃၂

Start from the beginning
                                    

" R&K ရဲ့ ဥက္ကဌဟောင်းနဲ့ ဟျွန်းဂျင်ဘက်ကပါ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ကန့်ကွက်ငြင်းဆို‌နေပေမဲ့ တခြားအ‌ထောက်အထားအချက်အလက်တွေလည်း အင်တာနက်ပေါ်မှာ ပေါက်ကြားလာ‌နေတာပဲဖြစ်ပါတယ်။ ဒီ ဥက္ကဌနှစ်ယောက်စလုံး ရဲတွေရဲ့ စစ်ဆေးမေးမြန်းတဲ့မေးခွန်းတွေကို ရှောင်ဖို့ ခက်ခဲမယ့်ပုံပါပဲဗျ "

" ဟင်း... ဒီဇာတ်လမ်းကြီးက အရမ်းရင်နာစရာကောင်းလွန်းလို့ ကိုယ့်နားကိုတောင် မယုံနိုင်ပါဘူး။ ဒါ့အပြင်ဥက္ကဌဆောဂျယ်ဟွတ်ရဲ့သား ဒါရိုက်တာ ဆောဂျွန်ဟွန်နဲ့ ဂန်ရီနာ ရှီ ရဲ့ သမီး မင်ယွန် ရှီ တို့ ပါ၀င်ထားတဲ့ ပိုအရေးကြီးတဲ့ဇာတ်လမ်းကို ကျွန်မတို့ ကြားထားပါတယ် "

" ဟုတ်ပါတယ် ကျွန်တော်တို့အမြင်အရဆို သူတို့ရဲ့မိဘတွေကြောင့် သူတို့နှစ်ယောက်က ဘုံရန်သူတွေ ဖြစ်သင့်တာမလား။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီက သူတို့နှစ်ယောက်ရဲ့ နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြသေးတယ်ဗျ။ ဒီကိစ္စတွေပြီးသွားရင်ရော ဒီစုံတွဲရဲ့ အိမ်ထောင်ရေးက ခိုင်မြဲနေပါဦးမလား? အရေးကြီးဆုံးက ကျွန်တော်တို့အတော်များများ သူတို့လက်ထပ်လိုက်ရတာရဲ့ နောက်ကွယ်က ဖြစ်ရပ်ကို သိချင်နေကြတာပဲ....."

" သေစမ်း !"

Eri က mouse ကို click တစ်ချက်ပေးပြီး ကြည့်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်‌မှုကို ပိတ်ပစ်လိုက်တာနဲ့ အခန်းတစ်ခုလုံး တိတ်ဆိတ်‌သွားတယ်။ နေရောင်ခြည်က ကွန်ပျူတာပေါ်မှာ ဖျာကျနေပြီးတော့ အိမ်အပြင်ဘက် လမ်းမပေါ်မှာ ကလေးတွေ ‌ပြေးလွှားကစားနေတဲ့အသံကိုကြားနေရတယ်။ တခြားသူတွေအတွက်တော့ ဒီနေ့က သာမာန်နေ့ရက်တစ်ရက်ဖြစ်နေနိုင်ပေမဲ့ တစ်စုံတစ်ယောက်အတွက်ကတော့ သူမရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားတဲ့နေ့ရက်ပဲ။

Eri က Browser ထဲကနေထွက်လိုက်တဲ့အခါ ကွန်ပျူတာမျက်နှာပြင်ပေါ်က မျက်နှာလေးသုံးခုက သူမကို ရယ်ပြနေတယ်။ အဲ့ဒီ့ပုံက အထက်တန်းကျောင်းသူလေးတွေဖြစ်တဲ့ ယွန်၊ အယ်ရီနဲ့အတူ ထယ်‌ဂယောင်းပါ သူတို့နဲ့အတူတူရှိနေတဲ့ပုံလေး။ အဲ့ဒီ့ပုံလေးကို လွန်ခဲ့တဲ့ဆယ်နှစ်တည်းက ရိုက်ထားခဲ့တာ။ မော်နီတာပေါ်မှာ ရှိနေတဲ့ ဒီပုံလေးထဲမှာ Eri မြင်နေရတာက သူမကိုယ်တိုင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်နေခဲ့တဲ့ မျက်နှာလေးရယ်၊ ယွန်ရဲ့ ပြုံးတယ်ဆိုရုံပြုံးနေတဲ့မျက်နှာလေးနဲ့အတူ ထယ်ဂယောင်းရဲ့ ဘာခံစားချက်မှမရှိတဲ့မျက်နှာရယ်....။

The Man's Perfect Wife Myanmar Translation Where stories live. Discover now