တံငါရွာက အချစ်ဝိညာဉ်
[ BL -အစအဆုံး]ဦးငယ်
******************************
အပိုင်း ၁" ကျောက်ရိပ်ရာ မပွေနဲ့ကွာနော်
လေးဘုံလည်း တတ်မှ မတတ်နိုင်တာ "လေးဘုံဆိုသော လူလတ်ပိုင်းအရွယ်
လူတစ်ယောက် ဆိုင်ထဲတွင် အကြပ်ရိုက်
နေလေသည်။" ဟို စျေးက လျော့လို့ မရဘူးလားဗျာ"
ရနိုင်မည်မဟုတ်။ တစ်ခါလာတုန်းက
ကျောင်းဝတ်စုံလေးမှာ မရှိတော့။ ငွေစု၍
ပြန်လာဝယ်သည့်အခါ အခြားဝတ်စုံရွေး
ပြန်တော့လည်း ငွေက လိုနေလေသည်။
ကျောက်ရိပ်လေးကလည်း ခြေလိမ်လက်လိမ်
ကာ ကောက်ကွေးနေလေပြီ။ မည်သို့လုပ်
ရမည် မသိ။"ဒီမှာရှင့်"
"ခင်ဗျာ"
"ဒါလေး ယူသွားလိုက်ပါ"
"ဟင် ငွေက လို "
"ဟိုက လူငယ်လေး ငွေရှင်းသွားပေးပါတယ်"
"ဟာ ဟင် ဟုတ်"
မြင်ရုံသာ မြင်လိုက်သည်။ ထို့ကြောင့်
လည်း အဝတ်ထုပ်လေးကို ဆွဲယူကာ
ပြေးလိုက်မိခဲ့သည်။ ကားကို မောင်းကာ
ထွက်သွားလေသော လူငယ်လေး။ ကျေးဇူး
တင်ပါဘိ။ သူဋ္ဌေးလေးပင် ဖြစ်ပေမည်။"လေးဘုံ လေးဘုံလို့"
"ဟော အေ မေ့လို့ လာ ကျောက်ရိပ်
ဒီမှာ မင်းဝတ်ဖို့ ""ဘာလို့ ပြေးလိုက်သွားတာလဲ လေးဘုံ၊
လေးဘုံ အသိလား""မဟုတ်ပါဘူး လာပါ ပြန်ရအောင်ကွယ်
အချိန်ရတုန်း လှေထွက်ကြစို့လေနော်""ဟုတ်ကဲ့ပါ အဟီးဟီး ပျော်လိုက်တာ
သား ကျောင်းတတ်ရတော့မှာပေါ့နော်""အေးပေါ့ကွာ လေးဘုံအတွက်တော့
လုပ်အားလျော့တော့မှာ""လေးဘုံကလည်း ကျောင်းပိတ်ရင်
သား ကူညီမှာပါ""တစ်ပတ် ၂ရက်ပဲ ပိတ်မှာလေကွာ
လေးဘုံတော့ ပျင်းနေတော့မှာပဲ""လေးဘုံ မညောင်းဘူးလား"
"ညောင်းတော့ ညောင်းတာပေါ့
ဒါပေမဲ့ ကားတားဆီးဖို့ ငွေမှ မပိုလျှံ
တော့တာ အစောကတောင် သူဋ္ဌေးလေး
တစ်ယောက်က ငွေစိုက်ရှင်းသွားလို့
မင်းဖို့ ဒါလေးရတာ"
![](https://img.wattpad.com/cover/367710142-288-k66337.jpg)