ep 7

85 11 4
                                    

uni

jazzlyn အိမ်မပြန်တော့ဘဲ လစ်ဇီ့အခန်းမှာသာ တစ်နေကုန်နေနေ၏။

လစ်ဇီ အတင်းပြန်ခိုင်စ ေနပေမယ့်လည်း ပေကပ်ကာနေနေ၏။

နောက်ဆုံး ပွဲစခါနီးမှ အကျီ်ပြန်လဲလို့ဆိုပြီး ပြန်လွှတ်လိုက်ရ၏။

လစ်ဇီ ဒီနေ့တော့ ဂါဝန်ဝတ်ဖို့တွေးလိုက်သည်။ သူကမွေးနေ့ရှင်လေ ဘာလို့style pantနဲ့နေရမှာလဲ?

ပြီးတော့ သူ ဂိုဏ်းနဲ့ပတ်သတ်တယ့် လူတွေကိုလည်း ဖိတ်ခိုင်းထားသေးသည်။

dragon နဲ့ lionနှစ်ဂိုဏ်းကတော့ သူမသိတာကြောင့် မဖိတ်တော့။

ဒီနေ့ည သူ 'မ'ကို တွေ့ကိုတွေ့ရမည်။ လစ်ဇီ့ မျက်ဝန်းတစ်စုံက ဆုံးဖြတ်ချက် ချလိုက်တယ့် အရိပ်အယောင်တွေ ဖြတ်ပြေးသွား၏။

birthday partyအတွက်မှာထားတယ်ဂါဝန်က ဒူးပေါ်ပင်။ သူပေါင်ပေါ်သာ ဝတ်လိုက်ရင် သူ့ 'မ'ရဲ့ ရှာလကာရည်တွေကြောင့် partyက လူတွေအားလုံး ရှာလကာရည်တွေထဲမှာ နစ်သေသွားလိမ့်မယ်။

လစ်ဇီ အိုလစ်ကို သူ့ 'မ' ခေါ်လာဖို့ပြောထားသည်။

ပွဲ စ နေပြီဖြစ်သော်လည်း လစ်ဇီ ဆင်းမသွားချင်သေးပေ။ ပွဲရဲ့ အဓိကလူက အရင်ရောက်နေရင် ဘယ်လိုလုပ် စိတ်ဝင်စားမှုခံရမလဲ။

လစ်ဇီ့ ရဲ့ 'မဆင်းလာသေးဘူးလား' ဆိုပြီစ အဆတ်မပြတ် ဝင်နေတယ့်စာတွေကို 'ခဏ' ဆိုတယ့်စကားလုံး နှစ်လုံးပြန်ပို့လိုက်ရင်း သူမှန်ရှေ့သွားကာ ကိုယ့်ကိုကို လှည့်ပတ်ကာ ကြည့်လိုက်သည်။

ပုခုံးနှစ်ဖက်ပေါ်နေစေတာက သူ့ 'မ' ကို ရှာဖွေဖို့ ကူညီပေးလိမ့်မယ်။

"အဟွန်း"

လစ်ဇီ partyထဲမှာ လူတော်တော်များများ ရောက်ပြီဆိုမှ သူ့အခန်းထဲက ထွက်ကာ ခြံထဲဆင်းသွားလိုက်သည်။

ဘယ်သူမှ သူလာတာကို သတိမထားမိဘဲ အကုန်းလုံးရဲ့ အကြည့်သည် တစ်နေရာထဲမှာ ရောက်နေ၏။

ကာထားတယ့် ကိုယ်တွေကြောင့် သူတို့တွေ ဘာကိုကြည့်နေကြလဲတော့ လစ်ဇီမမြင်ရပေ။

"hey! မွေးနေ့ရှင်ရောက်လာပြီ "

ကောင်မလေးတစ်ယောက်ရဲ့ အော်သံကြောင့် လစ်ဇီ့ဆီ အကြည့်တွေ အကုန်ပြိုကျလာ၏။

System Meow 🐱💤💓Where stories live. Discover now