ep 1

108 17 7
                                    

uni

'မြှောင် ဆေး '

angle ရောက်ရောက်ချင်း အလုံးအရင်းဝင်လာတယ့် နာကျင်မှုကြောင့် မြှောင့်ဆီက ဆေးအရင်တောင်းလိုက်သည်။

ဘေးနားမှာ လူတွေရှိတာကြောင့် သူသောက်လို့မရပေမယ့် မြှောင်က ဆေးကိုသူ့ခန္ဓာကိုယ်ထဲ ဝင်အောင်လုပ်ပေး၏။

" လစ်ဇီ! အဆင်ပြေရဲ့လား "

(start use လစ်ဇီ)

လစ်ဇီ သူ့ကိုစိုးရိမ်စွာမေးလာတယ့် သူကိုကြည့်လိုက်တော့ လမ်းသရဲဒီဇိုင်းနဲ့ ကောင်မလေးတစ်ယောက်။

သူ့မှတ်ဉာဏ်ထဲ ပြန်ရှာကြည့်လိုက်တော့ သူ့ရှေ့မှာရှိနေတယ့်သူက jazzlynပင်။

"အင်း နည်းနည်းအိပ်ချင်နေလို့ "

လစ်ဇီ jazzကို ပြန်ဖြေလိုက်ကာ သူ့ညာဘက်ကိုကြည့်လိုက်သည်။

သူ့ညာဘက်မှာထိုင်နေတယ့် တစ်ယောက်ကတော့ ခပ်ယဥ်ယဥ်လေးပင်။ သူက အေးဆေးသမား ကိုရာ။ ကိုရာ့ဘေးက လူတိုင်းငေးရလောက်အောင် ချောတယ့်တစ်ယောက်ကတော့ ဇာတ်လိုက်ကြီး အိုလစ်ပင်။

သူ အိုလစ်နဲ့ jazzကို မျက်လုံးကစားလိုက်သည်။ နှစ်ယောက်စလုံးက လမ်းသရဲစတိုင်လ် ဝတ်ထားကြပေမယ့် မျက်နှာအမူအရာတွေကတော့ ကွဲပြား၏။

အိုလစ်က အနည်းငယ် ဖော်ရွေပုံရှိပေမယ့် jazzကတော့ အမြဲတမ်း မျက်နှာသေနှင့်ပင်။

သို့ပေမယ့် သူများတွေရှေ့သာ သူငယ်ချင်းတွေနဲ့ ရှိရင် သူ့အပြုံးတွေကို မြင်ရလေသည်။

အိုလစ်က ချောတယ်ဆိုပေမယ့် jazzက ပိုချောသည်။ မိန်းကလေးပေမယ့် ခန့်သည်လို့ ဆိုရမည်။

ယောကျ်ားလေးတွေတင်မက မိန်းခလေးပါ ကြွေမယ့်typeမျိုး။

'အဟမ်း host ချီးကျူးလို့မပြီးသေးဘူးလား '

'ငါက ဒီတိုင်းပြောတာပါ ဒါနဲ့ဇာတ်ကြောင်းက ဘယ်ရောက်နေပြီ'

'ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက တွဲနေကြပြီ သူတို့သူငယ်ချင်းတွေလည်း ကတောက်တဆ နည်းနည်းရှိပေမယ့် တအားတော့မပြင်းထန်သေးဘူး'

'အော် ဒါနဲ့ငါ့အရပ်က ဘယ်လောက်လဲ ဂိုဏ်းခေါင်းဆောင်ဆိုတော့လေ အဟွန်း'

System Meow 🐱💤💓जहाँ कहानियाँ रहती हैं। अभी खोजें