ep 15

532 48 10
                                    

Zg

jaci(host)
alli(hostမိန်းမိန်း)
kari(ဇာတ်လိုက်မ)
Alec(ဇာတ်လိုက်)
မင်းခန့်(allieမောင်ဝမ်းကွဲ)
ရာစုသစ်(မင်းခန့်hubby)
lotus(ဒုခေါင်းဆောင်)

At the metting room

Alec အစည်းဝေး စနေတာတောင်မလာသေးတယ့်လူနှစ်ယောက်ကြောင့် သိပ်တော့မကြည်ပေ။ ထုတ်ပြောလို့လည်းမရ သူသာထုတ်ပြောရင်သူ့မမ က သူ့သူငယ်ချင်းတွေထိပါတယ်ဆို့ပြီး ညစာပိတ်လိုက်မှ  ငတ်နေအုံးမယ်။ဘဝကြီးက လွယ်ကူမနေခဲ့ပါ။

ငါးမိနစ်ကြာပြီးနောက်jaci နောက်မှာ allieက ကပ်ရပ်ပါလာ၏။

jaciအသဲကွဲတယ့် ရက်တွေမှာဘာလုပ်လဲဆိုတော့ အဟမ်း ပြောရမှာကသိကအောက်နိုင်ပေမယ့် allieချက်ကျွေးတာတွေစားလိုက် allie နဲ့ ဆော့လိုက် ပုံပြောခိုင်းလိုက် နဲ့ ဂျီကျလို့သာနေလေ၏။

meowဆို "host အသဲကွဲနေတယ့်သူက အဲ့လိုဖြစ်လို့လား " လို့ပင်မေးရတယ့်အထိ ကို သူ ကပ်ချွဲနေတာပင်။

lotusတို့ကိစ္စကတော့ သူထွေထွေထူးထူး ဘာမှ သိပ်မခံစားရတော့ပေ။
ယူကျိုးမရဖစ်တာလေးတစ်ခုပဲ သူ့ကိုအမြဲချစ်ပါ့မယ်ပြောတယ့် သူ့မ က အဲ့လို ကြီး သစ္စာဖောက်လိုက်တာကြောင့်ပင်။

ရင်ထဲကအတွေးက မျက်နှာမှာပါပေါ်နေတယ့်အလျောက် ဘေးနားက သူ့ကိုအရိပ်တကြည့်ကြည့်နေတယ့် allieက သူ့babyမျက်နှာမကောင်းတာလဲတွေ့ရော သူပါ သိသိသာသာ မျက်ဝန်းတွေက ညိုးကျသွား၏။

" လူ စုံပြီဆိုတော့ အားလုံး နားထောင်ကြ ဒီတစ်ခါlevel 1 zombieတွေဖြစ်တာမလို့ အဆင့်မြင့် စွမ်းအားရှင်တွေဖြစ်တယ့်မင်းတို့ကိုခေါ်လိုက်တာ"

" ခေါင်းဆောင်ပြောတော့ အဆင့်မြင့်စွမ်းအားရှင်ဆို ဘာလို့ allieက ပါလာရတာလဲ "

" အဲ့တာက ငါ့ မမ ခေါ်ခိုင်းလို့လေ နော် မမ"

" မောင် ငြိမ်ငြိမ်နေစမ်း "

" အခု သွားမယ့်သူတွေထဲမှာ ကိုယ်နဲ့သက်ဆိုင်တယ့်လူတစ်ယောက်လိုက်လို့ရတယ် ဒါပေမယ့် အဲ့တယောက်က ကိုယ်ကာကွယ်နိုင်တယ့်လူ အထောက်အကူဖစ်တယ့်လူပဲ ဖြစ်ပါစေ ဘယ်သူမှ အချိန်ကုန်ခံပြီး မင်တို့် ခေါ်လာတယ့်လူကို လိုက်မကယ်နိုင်ဘူး ပြောတာ နားလည်ကြလား!!!!"

System Meow 🐱💤💓Where stories live. Discover now