ep 2

75 15 6
                                    

uni

ေန့လည် ထမင်းစားဆင်းတယ့် အသံကြောင့် လစ်ဇီ အိပ်နေရာမှ ခေါင်းထောင်လိုက်မိသည်။

" အချိန်ကိုက်ပဲ အစားပုတ်လေး"

သူ့အား စလာတယ့် ဇာတ်လိုက်မ အိုလစ်ကြောင့် သူကြောင်သွား၏။

ဒါပေမယ့် ဒီကိုယ်ရဲ့ မှတ်ဉာဏ်ထဲမှာလဲ သူငယ်ချင်းတွေ အချင်းချင်း စနေကြမလို့ သူပြုံးကာ ပြောလိုက်သည်။

" ဗိုက်ဆာနေပြီ သွားရအောင်"

" လစ်ဇီက ဗိုက်ဆာနေပြီတယ့် အိုလစ်"

jazz အံကြိတ်သံဖြင့် ပြောလိုက်ရင်း အိုလစ် ကျောကို ဘုန်းခနဲချလိုက်သည်။

အိုလစ်ရဲ့ ရှုံ့မဲ့သွားတယ့် မျက်နှာကြောင့် jazz ခနဲ့ပြုံး ပြုံးပြလိုက်ကာ သူ့babyနား သွားမယ်အလုပ် သူ့ဂုတ်ကနေ ဆွဲခံလိုက်ရသည်မလို့ နောက်ကိုပြန်ရောက်သွား၏။

လည်ပင်းအစ်သွားတာမလို့ သူ့ကိုဆွဲလာတယ့် တရားခံအား အေးစက်စက်ကြည့်လိုက်သည်။

အိုလစ်ကတော့ သူမဟုတ်စွာ လေချွန်ပြီး တစ်ဖက်သို့ လှည့်သွား၏။

လစ်ဇီကတော့ နောက်ကဖြစ်ပျက်နေတာတွေကို ဂရုမစိုက်စွာ 'ကန်တင်းမှာ ဘာစားရင်ကောင်းမလဲ' စဥ်းစားရင်း ရှေ့နေ ဦးဆောင်သွားနေ၏။

jazz အိုလစ်ရဲ့ခြေထောက်ကို တက်နင်းချလိုက်ကာ babyနားအမြန် သွားလိုက်သည်။

"jazzlyn!!!"

ဆိုတယ့် ေအာ်သံကို ဂရုမစိုက်စွာ jazzက လစ်ဇီပြောတာတွေကို ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ထောက်ခံနေ၏။

ကန်တင်းရောက်တော့ သူတို့ရဲ့မူပိုင်နေရာမှာ ဟင်းတွေ မုန်တွေအသင့်ပင်။

ခါတိုင်းလဲ အကုန်အဆင်သင့်မလို့ လစ်ဇီ အံ့သြစိတ်ကို စိတ်ထဲမှာပဲထားကာ မျက်နှာပေါ်မှာ မပြပေ။

သူတို့ထိုင်လိုက်ပြီး ဟင်းတွေကိုကြည့်လိုက်တော့ အိုလစ်နဲ့ ကိုရာဖို့ မပါတာကြောင့် အိုလစ် jazzအား ခပ်စူးစူးကြည့်လိုက်သည်။

jazzlynက 'ဘာလဲ 'ဆိုတယ့် အကြည့်နဲ့ကြည့်လာ၏။

သူတို့စားတာကို မှာပေးဖို့ jazzlynမှာ တာဝန်မရှိပေ။ အရင်တုန်းက jazzlynက သူနဲ့ကိုရာဖို့ မှာပေးထားပေမယ့် အခုကတော့ ဘာတွေစိတ်ဖောက်ပြန် နေလဲမသိ။ သူ့ဖို့နဲ့ လစ်ဇီ့ဖို့သာမှာထား၏။

System Meow 🐱💤💓Where stories live. Discover now