Chapter 89 - နှစ်သိမ့်ပေး

Start from the beginning
                                    

ဆိုင်ရှင်က ရှဲ့လင်ကို စကားပြန်ပြောချင်ပုံမရ။
" မဆိုးပါဘူး"

ရှဲ့လင် : " ခင်ဗျားဆိုင်က review တွေ အရဆိုရင် တော်တော်လေး ကောင်းတဲ့ပုံပဲ.. ခင်ဗျားမှာ အရင်က စီးပွားရေး အတွေ့အကြုံတွေ ဘာ‌တွေများ မရှိဘူးလား"

အပြာရောင် အားကစားဘောင်းဘီရှည်ဝတ်ထားသော ထိုလူကြီး၏ ခြေထောက်နေရာမှာ ဒဏ်ရာကို ဖုံးကွယ်နိုင်စွမ်းရှိ၍ အကောင်းအတိုင်းဟု ထင်ရသည်။ သာမန်လူတစ်ယောက်အမြင်တွင် ထိုလူကြီးခြေထောက်ဒဏ်ရာရှိထားသည်ဟုပင် မထင်ရ။

ကိုင်ထားသော သော့တွဲထဲမှာ သော့တစ်ချောင်းကို သော့အိမ်ထဲ ထိုးထည့်နေစဉ်တွင်တော့ ထိုလူကြီး၏ ကြီးမားသော လက်အဆစ်များနှင့် ကြမ်းတမ်းထူထဲလှသည့် အသားမာများကိုပါ ချီချင်း အတူတကွတွဲ၍ တွေ့လိုက်ရသည်။ တစ်နှစ်ပတ်လုံး အလုပ်ကြမ်းလုပ်ထားရသည့် ပုံစံပင် ဖြစ်၏။

ထိုသူက ပြန်ဖြေသည်။
" ရှိပါတယ်"

ဆိုင်ရှင်က သူတို့ကို အပြင်ထုတ်ပေးပြီးနောက်တွင်တော့ ကင်မရာစောင့်ကြည့်ခန်းထဲ ပြန်ဝင်သွားသည်။ လျှို့ဝှက်ခန်းနှင့် တစ်သားထဲ ရှိနေသောအခန်းတံခါး‌ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီးနောက် တံခါးဆွဲဖွင့်လိုက်သည်။ တံခါးအဝတွင် မည်းမှောင်နေကာ အတွင်းပိုင်းကိုတော့ ဟထားသော တံခါးကြားမှ ‌ခပ်ရေးရေး မြင်ရသည်။ သို့သော် ထိုနေရာသည်လဲ မှောင်မဲနေ၏။

ထိုလူကြီးက စကားစသည်။
" မြန်မြန်လုပ်.. ငါးမိနစ်ပဲ"

ပိန်းပိတ်အောင် မှောင်နေသော စောင့်ကြည့်ခန်းထဲမှ အသံဟိန်း၍ ထွက်လာသည့်အတွက် တိတ်ဆိတ်နေရာမှ ပဲ့တင်ထပ်သွားသည်။

ဆိုင်ရှင်က သစ်သားကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်ဟန်တူ၏။ အိုမင်းနေပြီဖြစ်သော ကုလားထိုင်မှာ တကျွီကျွီ အသံပင် မြည်နေလေသည်။

ရှဲ့လင်မှာ စောစောက စကားဝိုင်းတွင် အားနည်းချက်တစ်ခုလေးပင် လှစ်မပြခဲ့။ ထို့ကြောင့် ဆိုင်ရှင်လဲ စိတ်‌အေးနေပုံရသည်။ အခန်းထဲ ပျံ့လွင့်နေသော ကြောက်မက်ဖွယ်သံစဉ်ကိုပင် တစ်ချက်တစ်ချက် လိုက်ညည်းနေသေး၏။ သို့သော် သူနှင့် စောစောလေးကမှ စီးပွားရေးအကြောင်းဆွေးနွေးနေသော ကစားသမားမှာ နံပါတ်သုံးခုသာနှိပ်၍ ဖုန်းပြောနေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now