Chapter 3

173 9 1
                                    

Unicode>>>

တစ်ပတ်ဆိုတဲ့အချိန်က ခဏတာအတွင်းကုန်သွားသည်။ Rey နဲ့ သုတတို့နှစ်ယောက်လည်း ကိုးလ်တို့သုံးယောက်နဲ့ ရင်းနှီးလာပေမယ့် နေ့လည်စာကိုတော့ အမြဲအပြင်ထွက်စားနေဆဲ.... တစ်ပတ်အတွင်း ကိုးလ် ထိုနှစ်ယောက်အား အာရုံစိုက်နေမိသည်။

"ကိုးလ် ဘာဖြစ်လို့လဲ စားလို့မကောင်းဘူးလား"

ဗိုက်ဆာနေပြီဟု ပြောခဲ့သော ကိုးလ်မှာ ယခုအချိန်တွင်တော့ ဟုတ်တိပတ်တိမစား၍ ဆက်မေးလိုက်တော့ မဒီကပါ ကြည့်လာသည်။

"အာ ကောင်းပါတယ် ရုတ်တရက်ကြီး မစားချင်တော့လို့"

ထိုသို့ပြောတော့ မဒီက

"ကိုးလ် ငါမေးမယ် နင်အမှန်အတိုင်းဖြေ"

"အင်း ဘာမေးမလို့လဲ"

"နင် Rey ကို ကြိုက်နေတယ်မလား"

ကိုးလ်ဘာမှမဖြေခင်မှာ ဆက်က

"ဟာ နင်ကလည်း ပေါက်ကရ ကိုးလ်က ကြိုက်စရာလား"

".............."

ကိုးလ်တစ်ခွန်းမှမဖြေဘဲ မျက်နှာလေးမှိုင်ကျသွားတော့ ဆက်လန့်သွားကာ

"..ကိုးလ် တကယ်ကြီးလား"

"..........."

"ကိုးလ် ငါတို့က နင့်သူငယ်ချင်းတွေလည်း တစ်ခုခုဆိုတာနဲ့ တိုင်ပင်ရမှာပေါ့ ဟုတ်တယ်မလား တစ်ယောက်တည်း မြိုသိပ်ထားတာ မကောင်းဘူးနော်"

"အင်းး ငါသိပါတယ် ဒါပေမယ့် ငါကိုယ့်ဟာကိုယ်တောင် သိပ်မသေချာသေးလို့ပါ"

"အင်း အဲ့တာကတော့ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ရမှာပေါ့ သေချာရင် ငါတို့ကိုပြော ဟုတ်ပြီလား နင်ကဘယ်လိုပဲဖြစ်ဖြစ် အမြဲငါတို့ baby လေးပဲ"

ကိုးလ်က ထိုနှစ်ယောက်ထက် လပိုင်းလောက်ငယ်၍ ပြောလိုက်တော့ ကိုးလ်က ရယ်လာသည်။

"အဲ့လိုလေးပဲနေပါ ကိုးလ်ရဲ့ နင်မှိုင်နေတာ ငါတို့မကြည့်ရက်ဘူး"

"အင်းပါ စားတော့ ပြီးရင် သွားရအောင် class စတော့မယ်"
.
.
.
ကိုးလ်တို့အခန်းထဲပြန်ရောက်တော့ Rey တို့ ရောက်နှင့်နေပြီ
သုတကို ကြည့်လိုက်တော့လည်း တည်တည်ငြိမ်ငြိမ်ထိုင်နေကာ မဒီ့ကိုတွေ့တော့ ပြုံးပြလာသည်။

PROMISE ME❣[Myanmar Fic]Opowieści tętniące życiem. Odkryj je teraz