Chapter 2

244 7 1
                                    

Unicode>>>

"ကဲ ကလေးတို့အားလုံးပဲ မင်္ဂလာပါ တီချယ်က ဒီစာသင်နှစ်အတွက် မင်းတို့ရဲ့ အတန်းပိုင် တီချယ့်နာမည်က ဒေါ်ခွန်းအိန္ဒြာချိုပါ တီချယ်ခွန်းလို့ပဲ ခေါ်လို့ရတယ်"

ပထမဆုံးတွေ့ဖူးတဲ့ ဆရာမဖြစ်ပေမယ့် အပြောချိုပြီး ချစ်ဖို့ကောင်းတဲ့ ဆရာမကြောင့် အကုန်လုံးနဲ့ ချက်ချင်း ရင်းနှီးသွားကြသည်။

"ဟုတ်ကဲ့ တီချယ်ခွန်း"

"‌အိုကေ တီချယ်လည်းကိုယ့်ဟာကိုယ် မိတ်ဆက်ပြီးပြီဆိုတော့ ကျောင်းသားသစ်လေးတွေ မိတ်ဆက်ကြပါအုံး တီချယ် အရင်ဆုံး မှတ်တမ်းကြည့်ပြီး ‌နာမည်ခေါ်ရင်ထွက်ခဲ့နော်"

"အင်း ဟုတ်ပြီ အရင်ဆုံး သမီး သုတသဒ္ဒါမောင် မိတ်ဆက်ပေးပါအုံး"

ဆရာမရဲ့ စကားအဆုံး ကောင်မလေးတစ်ယောက် အခန်းရှေ့သို့ထွက်လာကာ

"ဟိုင်း သုတသဒ္ဒါမောင်ပါ အရင်ကျောင်းကသူငယ်ချင်းတွေကတော့ သဒ္ဒါလို့ခေါ်တယ်"

ဖြူစွတ်တဲ့ အသားအရည်နဲ့ ဂုတ်ကျော်ရုံသာရှည်တဲ့ဆံနွယ်တွေကို တစ်ဝက်စည်းထားကာ Necktile ကို လျော့ရဲရဲစည်းထားတဲ့ သုတသဒ္ဒါမောင်ဆိုတဲ့ အမျိုးသမီးရဲ့ မေးရိုးနှစ်ဖက်ဟာ ခပ်ချွန်ချွန်... ခြုံငုံပြောရရင် ဒီမိန်းကလေးဟာ ‌ယောက်ျားဆန်ဆန်ချောမောနေသည်။

"ဟုတ်ပြီသမီး ပြန်သွားထိုင်လို့ရပြီနော်"

ဆရာမပြောလိုက်တော့ အတန်းမှာပြန်ထိုင်လိုက်သည်။ 

"အင်း နောက်တစ်ယောက်က လင်းဆက်မေ သမီးမိတ်ဆက်ပါအုံး"

"ဟုတ် တီချယ်...... Hello ချင်းဂုတို့ ငါက လင်းဆက်မေပါ Yuri လို့လည်းခေါ်လို့ရတယ် အဖေက ရှမ်းဗမာ အမေက Korean.... ဒီစာသင်နှစ်အတွက် အကူအညီတောင်းပါတယ်"

"သမီးက သွက်တာပဲ ဟုတ်ပြီဟုတ်ပြီ အခုနောက်ဆုံးတစ်ယောက် သား Rey Kaiser ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါအုံး"

"နာမည်က Rey Kaiser.. Spain မှာပဲ ကြီးလာတာမို့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်သေးဘူး"

ကိုးလ်တစ်ယောက် ထိုစကားကြားတော့ ကန်တင်းမှာ ပြောခဲ့မိတာတွေ သတိရလာပြီး ပါးနှစ်ဖက်က နီရဲလာသည်... ဆက်နဲ့မဒီကလည်း သူ့ကိုထိုင်ရယ်နေတာမို့ စိတ်ကမကြည်တော့..

PROMISE ME❣[Myanmar Fic]Where stories live. Discover now