Chapter 1

701 14 2
                                    

Unicode>>>

နွေရာသီအားလပ်ရက်များ ကုန်ဆုံးသွား၍ စာသင်နှစ်အသစ်စတင်ရာ မနက်ခင်းတစ်ခုတွင် Starlight International School ဟူ၍ ခန့်ငြားစွာ တည်ရှိနေသော ကျောင်းတော်ကြီးအရှေ့၌ ကျောင်းသားများနှင့်မိဘများ ပျားပန်းခပ်လှုပ်ရှားသွားလာနေကြသည်မှာ
လူစုလူဝေးမကြိုက်သူတို့အဖို့ စိတ်ရှုပ်ဖွယ်အတိ၊

ကိုးလ်ရောင်နီလင်း ရှုပ်ရှက်ခက်နေသော လူများအားကြည့်ကာ မျက်မှောင်ကြုပ်လိုက်မိသည်။

"သခင်လေး ကျွန်တော် ကျောင်းဝင်းထဲထိ လိုက်ပို့ပေးရမလား" ကိုးလ် စိတ်အလိုမကျသည်ကို သိကာ driver ဦးလေးထံမှ အသံထွက်လာသည်။

"ရပါတယ် ဒီနားမှာရပ်လိုက်တော့ ကျွန်တော် ကိုယ့်ဟာ
ကိုယ် သွားလိုက်မယ်"

ကိုးလ်၏မိသားစုအခြေအနေဖြင့် ကျောင်းဝင်းထဲ ကားဝင်၍ရသော်လည်း နဂိုရှိပြီးသား အာရုံစိုက်မှုများထက်ပို၍ အာရုံစိုက်ခံရတာမျိုးကိုမကြိုက်သဖြင့် ကိုးလ် လမ်းလျှောက်ဝင်ရန်သာလုပ်လိုက်သည်။

"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ သခင်လေး"

ကိုးလ်ကားပေါ်မှ ဆင်းလျှက် သက်ပြင်းတစ်ချက်ခပ်ဖွဖွချလိုက်သည်။

ဒီလူအုပ်ကြီးကိုတိုးရအုံးမှာပဲ ဟူး

ကိုးလ် မျက်မှန်တစ်ချက်ပင့်လျှက် စတင်ခြေလှမ်းလှမ်းလိုက်သည်။ ထိုစဥ် ဘေးနားမှ ဝိုင်နံ့သင်းသင်းတစ်ချက်ရလိုက်၍ လှည့်ကြည့်လိုက်တော့ အရပ်မြင့်မြင့်ကောင်လေးတစ်ယောက်. မြန်မာစစ်စစ်မဟုတ်သည်ကို သက်သေပြနေသည့် မျက်လုံးမျက်ခုံး. မျက်နှာအမူအရာအားကြည့်မိတော့ ကိုးလ်နည်းတူ စိတ်ရှုပ်နေပုံရသည်။ ထို့နောက် ကိုးလ်ဘက်ကိုတစ်ချက်လှည့်ကြည့်လာသည့် ဝိုင်နီရောင်မျက်ဝန်းများ.....

ဒိတ်..ဒိတ်

ကိုးလ် အသက်ရှူမှားသွားရသည်အထိ ညှို့ယူအားကောင်းသော မျက်ဝန်းများနှင့် ကိုယ်သင်းနံ့.. ဘာကိုမှဂရုစိုက်တတ်ပုံမရသည့် မျက်နှာထားဖြင့် တစ်ချက်သာလှည့်ကြည့်ပြီး ကျောင်းဝင်းထဲဝင်သွားသူအား ကိုးလ်မျက်စိတစ်ဆုံး
ငေးကြည့်နေမိတုန်း

PROMISE ME❣[Myanmar Fic]Where stories live. Discover now