Unicode
မောင်ဟာ သူ့အိမ်ထဲကိုယ်ရောက်တယ့်အချိန်ထဲက အိပ်နေခဲ့တာအချိန်ကိုယ်တော်တော်ကြာနေခဲ့ပြီ...။အိပ်ခန်းထဲမှာသွားအိပ်ဆိုတော့လဲမဟုတ်...။ ဧည့်ခန်းထဲကဆိုဖာပေါ်မှာသာ ခွေခေါက်ပြီးတော့အိပ်နေတယ့်မောင်ဟာ အရမ်းကိုယ်ခေါင်းမာလှသည်...။ဇတ်နာလိမ့်မယ် ပြောလဲမရ...။ခါးနာလိမ့်မယ်ပြောလဲမရပေ...။
မောင်ဟာ လာတုန်းကအကောင်း...။ဒါပေမဲ့ သူအအေးတိုက်ပြီးတယ့်နောက်မှာတော့ ချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့သည်...။မောင်ဘာလို့ပြောင်းလဲသွားရလဲဆိုတာ သိပေမဲ့လဲ လျစ်လျုရှုပြီးဟန်ဆောင်နေရတယ့်သူက ပိုပင်ပန်းသည်...။
မောင်ဟာသူ့ဘက်ကိုယ်နည်းနည်းလေးမှ မငဲ့ကြည့်ခဲ့ချေ...။မောင့်ကြောင့်ကျတယ့်မျက်ရည်တွေဟာ ရင်ထဲမှာဘယ်လိုမှမခံစားနိုင်တော့လို့ကျတယ်ဆိုတာကိုယ်မောင်မသိဘူး...။ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား?
"မောင် မင်းသူ့ကိုယ်အဲ့လောက်ထိတောင်ချစ်တာလား?"
ဂျီမင်း ဆိုဖာပေါ်မှာအိပ်မောကျနေတယ့် မောင့်ကိုယ်စကားတွေ တတွတ်တွတ်ပြောနေခဲ့မိသည်...။လက်ကလဲ နှဖူး ပေါ်ကမောင့်ရဲ့ဆံပင်အချို့ကိုယ်ဖွဖွ လေးသပ်တင်ပေးရင်းနဲ့ပေါ့...။
တစ်ယောက်သောသူကတော့ အိမ်မက်ကမ္ဘာထဲမှာ သူချစ်ရသူနဲ့ ပျော်နေတယ်ထင်ပါတယ်...။တစ်ချက်... တစ်ချက်ပြုံးသွားတယ့်အပြုံး တွေဟာ ငါ့ကြောင့်မဟုတ်ဘူးဆိုတာသိ ပေမဲ့လဲငါပြုံး နေမိတယ်မောင်...။
တိတ်တဆိတ်ကျနေတယ့် မျက်ရည်တွေကတော့ လျှို့ဝှက်ချက်ပေါ့...။
"ဟင် Jimin...မင်းဘာလုပ်နေတာလဲ?"
မောင်ဟာလေ နိုးလာတာနဲ့ သူ့ကိုယ်အထင်သေးတယ့်အကြည့်တွေနဲ့အရင်ဆုံးကြည့်သည်...။
ခုနကထိ ရှည်လျားတယ့်မျက်တောင်တွေ အောက်မှာ ဝှက်ထားတယ့်မျက်ဝန်းညိုတွေဟာ အခုတော့ဖြင့် အသက်ဝင်လာသလား?
"ငါ...ငါဘာမှမလုပ်ပါဘူး...။မောင်အိပ်နေတာကြာပြီဆိုတော့ငါနှိုးမလို့ပါ..."
YOU ARE READING
Different Love
Fanfictionနောက်ဘဝမှာ ပြန်ဆုံတွေ့ခဲ့ရင်တောင်.... ထပ်မတွေ့ချင်ရလောက်အောင်ထိမုန်းတယ်....။