💔 2 💔

140 15 1
                                    

Unicode

        Dynamite bar
    
     နာမည်ကြားရုံနဲ့ အသေအကြေကြမ်းမယ့် barတစ်ခုလို့လူတိုင်းက ထင်ချင်ထင်နိုင်မယ်...။သိုပေတည်း နာမည်နဲ့မတူတယ့်အတွင်းထဲက ပုံစံ တွေကတော့ ငြိမ့်ညောင်းသည်...။ အေးအေးချမ်းချမ်းနေချင်သူတွေအတွက် ဒီနေရာကလုံးဝအသင့်တော်ဆုံးဖြစ်လိမ့်မည်...။ဖွင့်ထားတယ့်သီချင်း တွေကအစ dj မပါဘဲနားထဲကိုယ်နားဝင်ချိုစေမဲ့ country song တွေကြီးပါဘဲ...။
   
  သူတို့ထို barထဲကိုယ်ဝင်ဝင်လာချင်းကြားလိုက်ရတယ့်သီချင်းကတော့ BTS ရဲ့ Life goes on သီချင်း...။ထို barတွင် country song ဆိုတာထက် btsရဲ့ သီချင်း‌ အေးအေးလေးတွေကိုယ်သာ အဖွင့်အများဆုံးဖြစ်သည်...။ဥပမာ... spring day, magic shop တို့လိုမျိုးတွေပေါ့...။
 
  နောက်ပြီး တစ်ချို့ barတွေနဲ့ ကွဲထွက်နေတာတစ်ခုရှိ‌သေးသည်...။အဲ့ဒါက နံရံတွေရဲ့အရောင်...။နေရာတော်တော်များကိုယ် purple တွေကြီးဘဲသုတ်ထားတာကြောင့် ထိုဆိုင်ပိုင်ရှင်ဟာ BTS ARMY တစ်ယောက်ဘဲဖြစ်လိမ့်မည်ဟုကောက်ချက်ချလိုက်သည်...။

   "ဟေ့ကောင် မင်းဟာက bar ကောဟုတ်လို့လား?..."

  ထယ်ယောင်း ဆိုင်အပြင်အဆင်ကိုယ်ကြည့်ပြီး မေးလိုက်ခြင်းဖြစ်သည်...။ဟုတ်တယ်လေ သူအမြဲတမ်းသွားနေကြ barတွေနဲ့မှမတူတာ...။အခုဟာက အရမ်းကိုယ်အေးချမ်းလွန်းနေသည်...။

   "မင်းကလဲ ဒီ bar ကဖွင့်ထားဝာာကြာလှပြီ ငါတို့ဘဲမ‌ ရောက်ဖူးသေးတာ...။ဘယ်လိုလဲ မိုက်တယ်မှတ်လား...?"

  "မမိုက်ပါဘူး ပေါတောတောနဲ့..."

   ထယ်ယောင်း တစ်ယောက်သူ့ရှေ့ကလူကိုယ်မျက်နှာမဲ့ရွဲကာဖြင့်ပြောပြီး ခုံမှာဝင်ထိုင်လိုက်သည်... ။ရောက်မှတော့မထူးဘူးလေ သောက်ရုံဘဲပေါ့...။acloholတွေကတော့ အတူတူလောက်ဘဲလို့ထင်ပါတယ်လေ...။

  "ဟင်..."

  ထယ်ယောင်းဝီစကီခွက်ကိုယ် ကိုင်ကာသောက်မလို့လုပ်လိုက်သည်...။ဒါပေမဲ့ သူ့မျက်လုံးထောင့်ကနေမြင်လိုက်ရတယ့်အရာတစ်ခုကြောင့် သူ့ခွက်ကိုယ်ပြန်ချလိုက်မိသည်...။သူဘယ်လောက်ထိတောင်အံ့ဩသွားလဲဆိုရင် ပါးစပ်ကနေ ဟင်"ခနဲထွက်သွားမိတယ့်အထိပါဘဲ...။

Different LoveWhere stories live. Discover now