💔 1 💔

363 25 2
                                    

Unicode

     "ကိုကို..."

     "ဗျာ..."

     သာယာလှတယ့်ကောင်းကင်ကြီးရဲ့ အောက်က ခုံတန်းလျာလေးပေါ်တွင် လူနှစ် ယောက်ရှိနေခဲ့သည်...။ထိုထဲတွင်တစ် ယောက်က ချွဲချွဲနွဲ့နွဲ့ တီတီတာတာလေးတွေပြောရင်းသူ့ချစ်သူကိုယ်ကြည်စားနေတယ့်ကောင်မလေးရယ်...။ နောက်တစ်ယောက်ကထိုကောင်မလေးပြောတာကိုယ် သဘောတကျနဲ့ ရီ မောနေတယ့်ကောင်လေးရယ်...။ကြည့်လိုက်ရင်တော့ သိပ်ချစ်ကြတယ့် ချစ်သူနှစ်ဦးပေါ့...။

   ဒါပေမဲ့....

    "ယွန်းတို့ လမ်းခွဲရအောင်..."

   "ဘာ...!!"

   ထယ်ယောင်း သူ့ချစ်သူကောင်မလေးရဲ့ပြောတယ့်စကားတွေကိုယ် နားမလည်နိုင်ပေ...။သူသိပ်ချစ်တယ့်ကောင်မလေးဆီကဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ သူတစ်ခါမှမတွေးဘူးချေ...။

   "ဟုတ်တယ် ကိုကိုယွန်းတို့လမ်းခွဲရအောင်..."

   "မင်းပြောနေတယ့်စကားက ဘာအဓိပ္ပာယ်မှန်းကော မင်းသိရဲ့လားယွန်း..."

   သူပြောလိုက်တော့ ထိုကောင်မလေးရဲ့မျက်နှာကမဲ့ပြုံးတစ်ချက်ပြုံးလာခဲ့သည်...။ထိုအပြုံးကိုယ်သူနားမလည်ချေ...။

  "ယွန်းပြောတယ့်စကားကိုယ်ယွန်းသိတယ်...။ယွန်းကိုကိုကိုယ်မချစ်တော့ဘူး...။နောက်ပြီး ယွန်းမှာအသစ်ရနေပြီ..."

  "ဘာ...!!! ယွန်းမင် မင်း...မင်း...မင်းကွာ...။တောက်ခ်လုပ်ရပ်တယ်...။ငါ့မှာတော့ မင်းတစ်ယောက်ထဲကိုယ်ဘဲချစ်လိုက်ရတာ...။မင်းကတော့ ငါ့အပြင်အသစ်တောင်ရနေပြီဟုတ်လား? "

  "ယွန်းတောင်းပန်ပါတယ်..."

   ထယ်ယောင်း ဒေါသများနဲ့အတူ မျက်ရည်များဟာလဲတစ်ပြိုင်နက်စီးဆင်းလို့နေခဲ့သည်...။

   "တောင်းပန်ပါတယ်တယ့်လား? ဘာအတွက်လဲ ? ဘာကြောင့်လဲ ပြောလေ...ယွန်းရဲ့..."

   ထယ်ယောင်းတစ်ယောက်ယွန်းရဲ့ ပုခုံးနှစ်ဖက်ကိုယ်အတင်းအကြပ်ဆုပ်ကိုင်ပြီးမေးလိုက်ပေမဲ့ ပြန်ရလိုက်တာက သူချစ်ရတယ့်ချစ်သူဆီက ဖယ်ထုတ်ခြင်းတွေ...။

Different LoveWhere stories live. Discover now