အပိုင်း၅-၃+၅-၄

Start from the beginning
                                    

စု့ချန့် ရှက်ဒေါသကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ လူငယ်လေးကိုကြည့်လိုက်တယ်။ ဒီတောင်းဆိုချက်က အယ်လ်ဖာတွေအတွက်တော့အရှက်ခွဲခြင်းတစ်မျိုးပေ။ အဲ့အတွက်ဒီကလေးမှာဒီလိုတုန့်ပြန်မှုမျိုးရှိနေတာ ထူးတော့မထူးဆန်းလှပေ။

" ကိုယ်ဟာသလုပ်နေတာမဟုတ်ဘူး။ "

သူကလေးနက်တဲ့ အမူအရာနဲ့ " ကိုယ့်မှာလည်းကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ရှိတယ်။ မင်းက ကိုယ့်ကို မင်းသဘောတူတယ်/ မတူတယ်ဆိုတာကိုပြောပြဖို့လိုတယ်။ "

-

" ဒုန်း! "

ဟိုတယ်ရဲ့အခန်းတံခါးက အားနဲ့ဆောင့်ပိတ်ခံလိုက်ရတယ်။

စူးယွီကျုံး သူ့အခန်းထဲကိုပြန်ရောက်ရောက်ချင်းမှာပဲ ကိုယ်ပေါ်မှာရှိနေတဲ့ တီရှပ်နဲ့ဘောင်ဘီတိုကို မြန်နိုင်သမျှအရှိန်နဲ့အမြန်ချွတ်ပြီး ရေချိုးခန်းထဲကို အသကုန်ပြေးဝင်သွားတယ်။

ဝေါ_ _

ရေအေးတွေကရေပန့်ကနေဖြာကျလာပြီး သူ့တစ်ကိုယ်လုံးကိုစိုရွဲသွားစေတယ်။ သူမျက်နှာကိုမော့လိုက်ပြီး စီးကျလာတဲ့ ရေစက်တွေကိုခံယူလိုက်တယ်။ ပြီးတာနဲ့ မျက်နှာကိုအားသုံးပြီး ပွတ်ချလိုက်တယ်။

" ကျွတ်! "

သူအားလေးနည်းနည်းသုံးကာရှိသေးတယ်။ သူ့နောက်ဘက်ကနေပြီးလာတဲ့ နာကျင်ကိုက်ခဲမှုကိုခံစားလိုက်ရတယ်။ သူအံကိုတင်းတင်းကြိတ်ရင်းနဲ့ အနာခံရင်းလက်ကိုဆန့်ထုတ်လိုက်ပြီး ပွတ်ကြည့်လိုက်တော့ တစ်ခုခုကိုစမ်းမိသွားတာနဲ့အတူ သူရုတ်တရက်ကြောင်အသွားတယ်။

သူ့လက်တွေကိုအထဲကိုအနည်းငယ်ထိုးထည့်ကြည့်လိုက်တော့ ....

ရုတ်တရက်,ကြည်လင်နေတဲ့ အရည်တစ်ချို့က ရေနဲ့အတူရောပြီးအောက်ကိုစီးကျလို့လာတယ်။

စူးယွီကျုံးမျက်လုံးတွေရုတ်တရက်ပြူးကျယ်လို့သွားပြီး ဖြူဖျော့နေတဲ့ပါးပြင်က ချက်ချင်းကိုမြင်သာတဲ့နှုန်းထားနဲ့နီရဲလို့လာတယ်။

သူအံကိုတင်းတင်ကြိတ်ရင်း ရေချိုးဆပ်ပြာခရင်မ်နဲ့ သူ့တစ်ကိုယ်လုံးကိုပြင်းပြင်းထန်ထန်ပွတ်ပြီးကိုဆေးကြောတော့တယ်။ ကျေနပ်လောက်တော့မှ ရေပန်းကိုပိတ်လိုက်ပြီး ရေချိုးခန်းထဲကနေထွက်လာခဲ့တယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now