ရွာသားတွေသည် နောက်ဆုံးမှာစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ရွာလူကြီးသည်အစေ့အဆန်တွေကို မြို့ပေါ်သွားပို့ဆောင်ဖို့လူတွေစီမံခန့်ခွဲပေးလိုက်ပြီး ကျန်တဲ့သူတွေကတော့ယာယီအနားယူနိုင်ကြလေသည်။

ရက်အနည်းငယ်ကုန်ဆုံးသွားပြီး လုရှသည်သူမနောက်လိုက်နေတဲ့လူက လက်လျှော့သွားပြီဟုတွေးလိုက်ချိန်မှာပဲ နေ့ခင်းဖက်သူမအဝတ်သွားလျှော်နေစဉ်အတွင်းမှာ တစ်ယောက်ယောက်ကသူမကို နောက်တစ်ခါစောင့်ကြည့်နေပြန်ပြီလို့ ခံစားလိုက်ရသည်။

လုရှမျက်မှောင်ကျုံ့သွားပြီး သတိမပြုမိသယောင်ဟန်ဆောင်လိုက်သည်။ တိတ်တဆိတ်နဲ့ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ရာ အမှန်ပဲသူမညာဖက်ကသစ်ပင်တွေထဲမှာ အနက်ရောင်လူရိပ်တစ်ခုကိုမြင်လိုက်ရသည်။

လုရှရင်ထဲနစ်မြုပ်သွားတဲ့ခံစားချက်တစ်ခု ဖြစ်သွားသည်။ ကျေးလက်ကိုရောက်လာကတည်းက မထင်မရှားပုံစံကိုထိန်းထားတဲ့ သူမကဘာလို့ တစ်ယောက်ယောက်ဆီကပစ်မှတ်ထားခံရတာလဲဆိုတာ လုရှနားမလည်ပေ။

ဒါပေမဲ့ ဒီပြဿနာကိုသူမဖြေရှင်းမှရမည်။ အဆက်မပြတ်အလိုက်ခံနေဖို့ အဆင်မပြေတာ‌ကြောင့် သူမဘက်ကအရင်လက်ဦးမှုယူကာ အဆက်မပြတ်အကြောက်တရားနဲ့နေထိုင်ရခြင်းမှ သူမကိုယ်သူမကယ်တင်ရန် ကိုယ့်ဘာသာကိုယ်ဖြေရှင်းရပေမည်။ ပညာတတ်လူငယ်များနေရာဆီပြန်လာပြီးနောက် လုရှသည်ကျောမှာခြင်းတောင်းတစ်လုံးပိုးကာ နောက်တစ်ခါထွက်လာခဲ့သည်။

သူမအနောက်ကိုလူလိုက်လာနေတယ်လို့ ခံစားမိနေသေးတာကြောင့် သူမနေရာလွတ်ထဲမှာသိုလှောင်ထားတဲ့ မီးဖိုချောင်သုံးဓားအပါ ကျောက်တုံးတွေနဲ့သစ်သားတုတ်တွေကို တွေးလိုက်သည်။ ရင်ထဲမှာစိတ်ပိုင်းဖြတ်ထားပြီး ကျန်းကျွင်းမော့နဲ့သူမ မကြာခဏချက်ပြုတ်စားလေ့ရှိတဲ့ လူသူရှင်းတဲ့နေရာဆီဦးတည်လျှောက်လာခဲ့သည်။

များသောအားဖြင့် ဒီနေရာကိုဖြတ်သွားတဲ့သူတစ်ယောက်မှမရှိတတ်ရာ နေရာသို့ရောက်ပြီးနောက် သူမနောက်လိုက်လာတဲ့သူသည် ပို၍ပင်နီးကပ်လာကြောင်း လုရှရှင်းလင်းစွာခံစားရသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ