"သားရေ... "
"ဗျာ..."
အမေသူ့ကိုခေါ်ကာမှ
သူ့အတွေပျံ့နေမူ့တွေဟာချုပ်ငြိမ်းသွား၏"ဖေဖေ့အနားထိုင်နေတာနာရီနဲ့ချီနေပြီ ခဏတော့နားလိုက်ပါ"
သတိလစ်မေ့မျှောနေသောဖေဖေ့ဘေးသူငုတ်တုတ်ထိုင်နေမိတာနာရီနဲ့ချီရှိနေပြီတဲ့လား.. ဒီရက်တွေထဲသားဇောကပ်ပြီးအဖေ့ဘေးသိပ်မလာဖြစ်တာအရမ်းကိုမှကြာနေပြီမဟုတ်လား
""သိပ်ကိုမှရင်နာနေတယ်မဟုတ်လားဖေဖေ ဖေဖေ့သားကတဖက်မိသားစုလူစုံပြီး ရှောင်ထွက်ချိန်ရောက်မှဖေဖေ့ဆီကိုရောက်ခဲ့လို့...""
သူဒီတလောသားဆီမသွားဖြစ်ခဲ့ပါ...
တမင်ကိုရှောင်နေတာလည်းဟုတ်၏...တဖက်ကမိသားစုတွေရောက်နေတဲ့အိမ်ကိုသူ့အနေနဲ့
ကဝင်ထွက်လို့မသင့်ဘူးမဟုတ်လား.......
....""ဒီတလောစိတ်တွေလေးနေ၏
အတိတ်ကနာကျင်စရာတွေလည်းဖော့လေးလိုမျှောလွှင့်နေပြီးအနာဂတ်မဲ့သလိုခံစားနေရ၏ကျတော်အခုရက်ထဲအထီးကျန်လာသလိုပါပဲ...""
ပုံမှန်ထပ်ပိုတိတ်ဆိတ်နေတဲ့
သူ့သားကိုကြည့်ပြီး အမေဖြစ်သူဟာစိတ်ထဲမတင်မကျနဲ့သာ
...
ဒီခလေးဒီလောက်ထိတိတ်ဆိတ်နေတတ်တဲ့လူမျိုးမဟုတ်တာမို့သူ့သားဘာဖြစ်နေလဲကိုသူသိချင်မိ၏သို့သော်ပိုစိတ်ရူတ်မှာစိုးသဖြစ်ထုတ်မမေးမိချင်...ဒါကြောင့်သူစိတ်သက်သာအောင်အပြင်ခဏတော့ခေါ်သွားချင်မိ၏
"သားရေ"
"ဗျာ"
"မေမေနဲ့အပြင်ခဏလိုက်ခဲ့ပေးပါလားမေမေမုန့်ထွက်ဝယ်ချင်လို့"
အမေဟာဒါမျိုးတော်ရုံမတောင်းဆိုတတ်တာမို့လက်ခံလိုက်ကာသူ့ကားနဲ့ပဲအမေ့ကိုအမေဝယ်ချင်တဲ့မုန့်တိုက်ကိုခေါ်သွားမိ၏
ဆိုင်ကအအေးတွေအပြင်
cakeအစုံရတာမို့အခုလိုညနေအေးတွေမှာလူစည်၏အမေနဲ့ဆိုင် ထဲ
လျှောက်ကြည့်နေရင်း
ဆိုင်ကတအားကျယ်တာမို့
တယောက်တနေရာဆီဝယ်ဖြစ်သွားခဲ့၏....