"ဟေ့ကောင်
အခုကဘာဖြစ်ပြန်တာလဲ"ဆေးအိတ်ကြီးကိုင်ကာ အူယားဖားယား
ပြေးလာသူ မင်ဂျယ် သည်
အခန်းရှေ့တွင်ဆေးလိပ်သောက်မပျက်သောJK ကို တွေ့သည်နှင့်
လူနာအခြေအနေပြေး
မေးရတော့သည်မမေးလို့လည်းမရ ရှေ့ရက်ကပဲ
ထိုလူဟာJK ကောင်းမူ့ကြောင့်
သတိလစ်စွာရောက်ရှိလာခဲ့ရသည်မဟုတ်ပါလား"ဒါတော့
ငါကဘယ်လိုသိမလဲ ပြန်လာတဲ့အချိန်ကြမ်းပြင်မှာလူသေလိုလဲနေပြီးခေါ်မရဘူး
ဖျားနေတယ်ဝင်သာကြည့်လိုက်""JK....မင်းကတော့လား
တော်တော် လက်ပေါက်ကပ်တဲ့ကောင်သူများသားသမီးကို
ဆွဲချင်သလိုဆွဲချလာပြီး
ကိုယ်နဲ့မဆိုင်သလိုနေနေလိုက်...""ခေါ်လာတာကငါဆို
နေကောင်းအောင်နေမှာက
သူမဟုတ်ဘူးလား.""ဘာ!!! "
"ငါ့လာရစ်မနေနဲ့ ဝင်သာကြည့်
နောက် မင်းလူနာသေနေအုံးမယ်"ဆေးလိပ်ကိုပဲသည်းကြီးမည်းကြီး
သောက်ဖို့စိတ်ရှိနေသူသည် စကားကိုဘုတွေကြီးပြောကာ သူငယ်ချင်း လုပ်သူအား
အထဲသို့ဝင်သွားခိုင်းနေခဲ့သည်ထပ်ပြောရင်စကားများရုံသာရှိတော့မယ့်အခြေနေမို့မင်ဂျယ်သည်လည်း
သူ့ကိုဖက်မပြောတော့ကာ
အထဲသို့ဝင်သွားခဲ့သည်အခန်းထဲရောက်ရောက်ခြင်း
မြင်လိုက်ရသည်က
ကုတင်ပေါ်တွင် အသိကင်းစွာရှိနေသောထိုလူသား.....ခပ်မြန်မြန် အနားသို့ကပ်သွားကာ
စပ်းသပ်ကြည့်တော့ ကိုယ်ခံအားလည်းမရှိသလောက်ဖြစ်နေကာ
အဖျားတွေကြီးနေခြင်းဒီကောင်ဒီရက်ထဲဘာမှမကျွေးထားဘူးပဲ အရင်ဆုံး
ရေချိုးခန်း ဘက်သို့ပြေးကာ
ရေးတစ်ခွက်ခပ်ပြီးအဖျားကျဖို့
ကိုယ်တိုက်ရတော့မည်သာ"JK ဟဲ့ကောင် JK"
"ဘာလဲ ငါမအားဘူး"
"အဲ့ဒီအရည်မရအဖတ်မရဟာကြီးကိုငြိမ်းပြီး မင်းလူကိုကိုယ်ပတ်လာတိုက်...
ငါဒီမှာဆေးလုံးကြီးချိတ်ဖို့လုပ်ရမယ်မအားဘူး""မလုပ်ချင်ဘူး
ဒီအတိုင်းထားလိုက်""အေး သေသွားရင်မင်းအမှု့ပတ်မှာနော်သူများသားသမီးကိုအလိုမတူပဲခိုးယူပေါင်းသင်းမူ့တစ်မူ့နဲ့တင်ထောင်အနံ့ကရနေပြီကို...
ဘာလဲဆိုင်ကယ်မမောင်းတော့ပဲ ၁၀နစ်လောက်
သွားအောင်းချင်နေတာလား"