အပိုင်း။၂၉။မင်းကိုထပ်ချည်နှောင်မယ်

2.7K 198 5
                                    

ဘယ်လောက်ပဲကိုယ့်စိတ်ကိုချိုးနှိမ်ထားပါစေ
စိတ်ထဲရှိတဲ့အတိုင်းပေါက်ကွဲတတ်သည်က
ကိုယ့်အထိမခံနိုင်သောစကားလုံးတွေနဲ့
ကိုယ်ချစ်ရသောလူသားတွေကို
ဆွဲထည့်ပြောလာသောအခါမျိုးတွေမှာပေါ့

ကိုယ်ဟာအရာရာအရှုံးပေးထားရတဲ့
လူဖြစ်ပါစေကိုယ်လည်းဒေါသထွက်တတ်တဲ့လူ
စိတ်ရှိတဲ့လူပါပဲ....
သွေးပူနေတုန်းချစ်ရသူကိုထိပါးလို့ပြန်ပြောခဲ့တာတွေအတွက်
နောင်တဆိုတာမရှိပေမယ့်
အခုလိုအချိန်မှာတော့
ကိုယ်ပြောခဲ့တဲ့စကားတွေအတွက်တော့စိုးရိမ်စိတ်ဖြစ်မိတယ်။

သူဟာဘယ်တော့မှတဖက်သားကိုညာတာတတ်တဲ့လူမဟုတ်ဘူး

သူဟာသူ့ကိုထိပါးရင်
သူ့ကိုစော်ကားရင်အရာရာကိုပြောင်းဆန်အောင်ယုတ်မာတတ်တဲ့လူမို့ကိုယ်သူ့အပေါ်ပြောခဲ့တာတွေအစား
ကိုယ်ချစ်ရတဲ့မိဘတွေနဲ့အဝေးကမေရီတစ်ခုခုနာကျင်သွားမှာကိုတော့
တကယ်စိုးရိမ်မိသည်။

သူဟာအရာရာကိုသူနိုင်ဖို့ဆို
ဘာမဆိုလုပ်ရဲတဲ့လူစားမျိုး...
ကိုယ်​ပြောခဲ့တာတွေအတွက်
ကိုယ်ချစ်ရသူတွေကိုသူတစ်ခုခုလုပ်မှာကိုတော့တကယ်မလိုလား

"jeon jungkook မင်းငါ့ကို
မကျေနပ်ရင်ထပ်ရိုက်လို့ရတယ်
ဒါပေမယ့်သူတို့ကိုတော့မထိပါနဲ့
ငါ့ကိုပဲအပြစ်တွေပုံချလိုက်ပါ
ငါကပဲမှားခဲ့တာမို့ငါ့ကိုသာမင်းစိတ်ရှိတဲ့အတိုင်းကလဲ့စားချေပါ
ငါ့ကိုပဲမင်းစိတ်ရှိသလိုရိုက်နက်ပါ
သူတို့ကိုတော့ဘာမှမလုပ်ပါနဲ့....""

ဒီဆေးရုံကိုရောက်နေတာ
၂ရက်လောက်ရှိနေပေမယ့်
သူ့ကိုအခုထိမတွေ့သေးတဲ့
အပေါ်မှာစိုးရိမ်စိတ်ကြီးနေသောjimin

သူစိုးရိမ်နေတာက
တစ်ခုခုများပြသနာကြီးကြီးမားမားဖန်တီးပြီး သူချစ်ရတဲ့လူတွေကိုပြသနာလုပ်နေပြီလား
Qweeကိုပြသနာရှာလိုက်ပြီလား
သူ့ဖေဖေ့ ကိုလည်းစိုးရိမ်နေသူ...
သူဟာသူ​ပြောခဲ့တာတွေအတွက်
ပူပင်သောကဖြစ်နေရသည်

JKဟာလည်း
သူပညာပေးတော့မယ်ဆို
အညှာကိုင်ပြီးချည်ပြီးတုတ်ပြီးမှ
အပြီးရိုက်ချတတ်သူမို့
သူ့မှာဆေးရုံတတ်နေရင်းတန်းလန်းစိတ်မဖြောင့်ဖြစ်နေရှာရသည်..

ရန်သူ OTP ver S1 and S2Where stories live. Discover now