အပိုင်း။၅၃။မူးလာရင်ဗီဇဟောင်းပြပါသောနှင်းနီဥ

2.3K 191 27
                                    

"သဲတုန် အဲ့လောက်ထိမငိုရဘူးလေ...တိတ်တော့"

ဒီခလေးဟိုလူ့ကိုဘယ်လောက်မုန်းတယ်ပြောပြော အခုထိ
ချစ်နေတုန်းကညာမရ...

အဲ့ဒီလိုချစ်နေရက်တဲ့မုန်းပြရတဲ့အလုပ်ကဘယ်လောက်ခက်ခဲလည်းကကိုယ်အသိဆုံးပဲလေ...

ကိုယ့်စိတ်ကိုလိမ်ချင်တာနဲ့ တဖက်ကိုနာကျင်အောင်
ဂဲတွေပစ်ပေါက်ရတာကကိုယ်တိုင်လည်းမလွယ်ကူချေ...

ဒီခလေးကစိတ်နာထားတဲ့
အခံလေးရှိနေတော့ချစ်ခြင်းနဲ့မုန်းခြင်းကြားပိုလွန်ဆွဲနေရ၏

"သူ့ကိုမတွေ့ခဲ့ဘူးလို့
သဘောထားလိုက်
ဆက်ငိုနေရင်သဲတုန်နေမကောင်းဖြစ်တော့မယ်။
ကိုယ့်ကျမ်းမာရေးအကြောင်းကိုယ်သိတယ်မဟုတ်လား..
နောက်စကိတ်မစီးရပဲနေလိမ့်မယ်"

"Daddy"

"​ပြော သဲတုန်"

"သူ့..သူ့ကိုအရမ်းမုန်းတာပဲ"

"သဲတုန် သူကသဲတုန်ရဲ့
ပါပါးနော် စိတ်ကိုအရမ်းကြီးတင်းမထားနဲ့ အဖေ့ကိုစော်ကားရင်သဲတုန်ပဲငရဲရမှာ"

"မဟုတ်ဘူးသူကသဲတုန်ရဲ့
ပါပါးမဟုတ်ဘူး
...သူကသဲတုန်ကိုမချစ်ဘူး
သဲတုန်သူ့​ခြေထောက်ကိုဖက်ငိုတုန်းကသဲတုန်ကိုတွန်းလွတ်ခဲ့တာ...သဲတုန်ပါပါးရေလို့ခေါ်တိုင်း သူစိမ်းလိုနေခဲ့တာ..."

ရှိုက်သံတွေနဲ့ခလေးဟာ
အတိတ်ကိုနာကျင်နေဆဲ

"ဟုတ်ပြီ
သဲတုန်သူ့ကိုမချစ်တာသိပြီမို့
ဆက်မငိုနဲ့တော့
အဲ့လိုမှမဟုတ်ရင် သဲတုန်သူ့ကိုချစ်နေတာ...ခုနကစကားတွေပြောလိုက်မိလို့နောင်တရနေတာပဲ"

ထိုသို့ပြောလိုက်မှ
ငိုတာကိုချက်ခြင်းအောင့်အီးပစ်လိုက်သူ...

ခလေးရဲ့နာကျည်းနေမူ့သည်လည်းသေးသေးလေးမဟုတ်ခဲ့တော့ခလေးမှာလည်းအပြစ်မရှိ...

"မျက်လုံးလေးမှိတ်ပြီးအိပ်လိုက်တော့သဲတုန်...အိမ်ရောက်ရင်Daddyနိုးမယ်"

ရှိုက်သံတွေနဲ့ငြိမ်သွားပြီဖြစ်တဲ့ကိုယ်လေးကိုကြည့်ရင်း

lily ဆီသဲတုန်ဒီနေ့ဖြစ်ခဲ့တာတွေကိုပြောပြရင်း

စိတ်ငြိမ်သွားအောင် ...အရင်ရောဂါပြန်မကြွလာအောင် တိုင်ပင်ရင်းခလေးရဲ့အနာဂတ်ကိုတွေးရင်းသက်ပြင်းချမိသွား၏...

ရန်သူ OTP ver S1 and S2Kde žijí příběhy. Začni objevovat