အပိုင်း။၄၄။သေအတူရှင်မကွာ ⭐

2.1K 238 33
                                    

"" jay မင်းတို့အခုရောက်တဲ့နေရာကနေ
Hotelကိုပြန်ခဲ့!!....Teeee....""

ခပ်ပြတ်ပြတ်ပြောသောစကားသံပေမယ့်
သူ့အသံတွေအရမ်းတုန်နေခဲ့သည်

ဒါကဒေါသတွေ​ကြောင့်
သူဒေါသတွေအရမ်းထွက်နေပေမယ့်သူ့ဘေးခုံမှာမျက်လုံးအဝိုင်းသားနဲ့ငိုတော့မလိုကြည့်နေတဲ့သားကြောင့်သူ့စိတ်တွေထိန်းကာ
အတတ်နိုင်ဆုံးခလေးမလန့်သွားဖို့သူတင်းထားနေခဲ့သည်....

"ဒယ်ဒယ်..ပါပါးရော
ဒယ်ဒယ်"

ခလေးကသူ့အဖေကိုထားခဲ့ပြီအထင်နဲ့မေးတော့သူ့လက်တွေဟာsteering wheelကိုတင်းအောင်ကိုင်လိုက်မိပေမယ့်...

"မင်းပါပါး ခဏလုပ်စရာရှိလို့ကျန်ခဲ့တာ မကြာဘူးDaddyပြန်လာခေါ်ပေးမယ်..."

သူအရင်စိတ်နဲ့ဆိုစကားတွေ
ကြမ်းနေနိုင်နေပေမယ့်
အခုကသူ့သားကိုစိတ်ဒဏ်ရာထပ်
မရစေချင်သောကြောင့်သားကို
Hotelပြန်ပို့ပြီးမှထင်တိုင်းကြဲတော့မည်သာ...

"အညန်ခေါ်ပေးညော် ဟင့်
ပါပါးကိုတိရတယ်.."

"ခဏပဲရှိသေးတယ်လေ
မင်းကလည်း...အင်းအင်း
Daddyပြန်ခေါ်ပေးမယ်.."

"ဟင့်..."

"မငိုရဘူးအိပ်လိုက်နိုးလာရင်
ပါပါးမင်းအနားရောက်နေစေရမယ်....."

"ဟင့်ဒယ်ဒယ်ချီ.."

"ဒယ်ဒီချီလို့မရဘူးလေ
Daddyကားမောင်းနေတယ်လေ
...
အိပ်လိုက်Daddyရှိတယ်
ပါပါးခဏနေရောက်လာတော့မှာ.."

"ဟင့်..."
ခလေးဟာ
သူ့ပါပါးကျန်ခဲ့ပြီဆိုတဲ့အသိနဲ့
မအီမသာဖြစ်ကာသူ့အဖေကိုကပ်ချွဲဖို့နေခဲ့သည်....

အခုက
တောင်တတ်တောင်ဆင်းလမ်းတွေမို့သူ သားကိုမချော့အားသေး...ကားကိုသာစိတ်နစ်မောင်းရင်းသားဘေးကင်းစွာHotelရောက်ဖို့နဲ့
ပျောက်သွားသူကိုရှာဖို့သာသူ့စိတ်ထဲရှိနေခဲ့သည်..

ခလေးလေးကတော့
အီနေရင်းအီနေရင်းမှာပင်
ခရီးပန်းစွာသူ့ဘေးတွင်
အိပ်စက်လို့နေခဲ့သည်...

ခင်ဗျားကျုပ်နားကထွက်သွားချင်လို့ညာဏ်ဆင်တာရင်တောင်
ကျုပ်ခင်ဗျားကိုထွက်သွားခွင့်မပေးနိုင်တာလေ
ဒီလိုဆွဲထုတ်ဖို့ကြံစည်ခံရတာမျိုးဆိုတကောင်ကိုမှအလွတ်မပေးပဲ
အသေသတ်ပစ်မှာ...

ရန်သူ OTP ver S1 and S2Where stories live. Discover now