အပိုင်း ၆၃ [ အိမ်မက် ] (9)

977 141 6
                                    

အပိုင်း ၆၃ [ အိမ်မက် ] (9)

⟨⟨ပရမ်းပတာ⟩⟩

အသက်ရှူကြပ်မတတ်ပူလောင်နေတဲ့လေထုကြားစုန့်ချင်းလော်အင်္ကျီလဲပြီးသွားပြီဖြစ်သည်။စုန့်ချင်းလော်ကသူအခက်တွေ့အောင်မလုပ်တော့ပဲအဝတ်လဲပြီးတာနဲ့ထွက်စေသည်။လင်ပန့်ရှအခန်းထဲကထွက်လာပြီးနောက်ပျော့ခွေနေသည့်ခြေထောက်ကြောင့်စာသင်ခန်းထဲသို့နှေးနှေးသာပြန်လာရသည်။ခုံပေါ်မှာထိုင်ချလိုက်ပြီးခဏငိုင်နေမိသည်။လီစူးကစပ်ဖြဲဖြဲနဲ့လင်ပန့်ရှကိုကြည့်နေရင်းမျက်နှာကဘာလို့ဒီလောက်နီနေတာလဲဖျားနေတာလားလို့မေးလာသည်။

လင်ပန့်ရှ : "ဘယ်လိုလေသံကြီးလဲ?"

လီစူး : "မင်းကိုစုန့်ချင်းလော်ဆွဲခေါ်သွားတာလေငါကျောင်းပေါက်ဝကနေကြည့်နေတာနော်"

လင်ပန့်ရှ : "......"

"ရုံးခန်းထဲခေါ်သွားတာထင်တယ်"လီစူးကတကျစ်ကျစ်နဲ့ဆိုသည် : "အင်္ကျီတောင်လဲထားသေးတယ်,ယိုး,အတော်လေးပြင်းထန်တယ်နော်"

သူတမင်စနေတာကို‌သိပေမဲ့အဲ့တုန်းကစာသင်ခန်းထဲကအခြေအနေကိုပြန်သတိရလိုက်ကာမသက်မသာဖြစ်လာသည်။လင်ပန့်ရှအသံထွက်မလာသည်မှာရှက်လို့ထင်နေတာကြောင့်လီစူးကဆက်ပြောဖို့လုပ်တုန်းအပြင်းအထန်ချောင်းဆိုးသံကိုကြားလိုက်ရသည်။ပိန်ပါးပါးခန္ဓာကိုယ်ဟာလည်းတုန်ယင်နေလျက်လင်ပန့်ရှရဲ့နောက်ကျောကိုအမြန်ပုတ်ပေးလိုက်သည် : "ငါနောက်လိုက်တာပါမင်းဘာလို့ဒီလောက်ဖြစ်သွားရတာလဲမင်းနဲ့စုန့်ချင်းလော်နဲ့တကယ်ပဲတစ်ခုခုရှိနေတာလား?"

လင်ပန့်ရှ : "အဟွတ်အဟွတ်အဟွတ်--"

"ဟုတ်ပြီဟုတ်ပြီမင်းဖြူစင်တာငါသိပါတယ်ဒီလောက်အသေးလေးကိုမူမမှန်တဲ့စုန့်ချင်းလော်စားလို့မရလောက်ပါဘူး"

လင်ပန့်ရှလှည့်ကြည့်လိုက်သည် : "သူမူမမှန်ဘူးလို့မင်းဘာလို့ပြောနေတာလဲ?"

လီစူး : "ယိုး,ဒါကကာကွယ်နေတာလား?င့ါကိုအပြစ်တင်လို့မရဘူးနော်,သူကတကယ်ကိုပုံမှန်မဟုတ်တာ"လင်ပန့်ရှအဆင်ပြေသွားတော့မှစပ်ဖြီးဖြီးနဲ့ပြန်လှည့်သွားသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now