အပိုင်း ၆၆ [ အိမ်မက် ] (12)

828 156 7
                                    

အပိုင်း ၆၆ [ အိမ်မက် ] (12)

⟨⟨ဖြေရှင်းနည်း⟩⟩

တစ်မနက်လုံးမိုးရွာနေ၏။

လင်ပန့်ရှစိတ်ထဲတစ်ချိန်လုံးနေလို့မကောင်းပေ။မိုးရေနောက်မှာမရဏ‌လိုက်လာ၍ဖြစ်သည်။တစ်မနက်လုံးဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးပုံမှန်မဟုတ်တဲ့ငြိမ်သက်မှုကအတွေးများစေသည်။

ညနေပိုင်းရဲ့ပထမဆုံးအချိန်ပြီးနောက်မိုးကတဖြေးဖြေးစဲသွားသည်။ရပ်တော့မယ်ထင်တယ် ဒီတစ်ခေါက်မှာတော့ အရင်ကလိုမျိုးမငြိမ်မသက်မဟုတ်ပဲသာမန်လိုပဲပြီးသွားသည်။

လင်ပန့်ရှ‌ဒီလိုတွေးနေချိန်မှာစာသင်ခန်းထဲရုတ်တရက်မီးပျက်သွားကာ တစ်ခန်းလုံးမှောင်ကျသွားသည်။ကျောင်းသားများဟာလည်းအသံကျယ်ကျယ်နဲ့အော်လာသည်။အခုအချိန်က self study ချိန်ဖြစ်တာကြောင့်လောင်ရှစ်းလည်းမရှိပေ။အတန်းခေါင်းဆောင်ကသာထထိန်းရသည် : "မဆူကြနဲ့ လောင်ရှစ်း ဘေးမှာရှိနေတယ်လေ အသံကြားရင်လာလိမ့်မယ်"

"အတန်းခေါင်းဆောင် ငါတို့အတန်းပဲမီးပျက်တာလား တစ်ကျောင်းလုံးမီးပျက်သွားတာလား?"တစ်ယောက်ယောက်ကမေးလိုက်သည်။

"ငါသွားကြည့်လိုက်မယ်"အတန်းခေါင်းဆောင်က ပြောရင်း စင်္ကြံလမ်းသို့ ထွက်သွားသည်။တခြားအခန်းတွေက အရင်အတိုင်းလင်းနေတုန်းဖြစ်ပေမဲ့ သူတို့အတန်းတစ်တန်းပဲမှောင်မည်းနေတာ : "ငါတို့အတန်းပဲမှောင်နေတာ မိန်းခလုတ်မှာပြဿနာရှိနေတာဖြစ်မယ်"

အဲ့ဒီအချိန်မှာပဲ ထောင့်တစ်ထောင့်မှာထိုင်နေတဲ့ကျောင်းသားတစ်ယောက်ဟာ ရုတ်တရက် ထရပ်လိုက်ပြီးမိန်းခလုတ်ဆီ လျှောက်သွားသည်။မိန်းမောနေတဲ့ပုံစံကလင်ပန့်ရှကိုလန့်စေသည်။သူထရပ်လိုက်ပြီးအတန်းဖော်ကိုပြောလိုက်သည် : "မိန်းခလုတ်ကိုမထိနဲ့!"

အဲ့ဒီလူကလင်ပန့်ရှရဲ့အသံကိုမကြားသလိုမျိုး မိန်းခလုတ်‌တံခါးကိုဆွဲဖွင့်လိုက်ပြီးလက်ကအထဲသို့ဝင်သွားသည်——

"ဖုန်း!"ဆိုတဲ့လျှပ်စစ်သံအကျယ်ကြီးကိုကြားလိုက်ရသည်။အော်လည်းမပေါ်ပဲအဲ့ဒီကျောင်းသားဟာကြမ်းပေါ်ပျော့ကျသွားသည်။သူ့ခန္ဓာကိုယ်ပေါ်ကနေ မီးခိုးဖြူတွေ ထွက်လာသည်မှာ အသက်မရှိတော့ဘူးထင်

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now