အပိုင်း ၇၁ [ အိမ်မက် ] (17)

829 162 10
                                    

အပိုင်း ၇၁ [ အိမ်မက် ] (17)

⟨⟨ထိုနှစ်မှအမှန်တရား⟩⟩

လရောင်ထက်နွေးထွေးနေသည့်စုန့်ချင်းလော်၏အမူအရာကြောင့်လင်ပန့်ရှရဲ့နားရွက်တွေပူတက်လာသည်။ကံကောင်းတာက မှောင်နေတာကြောင့်သေချာမမြင်ရ သူလှည့်လိုက်ပြီးဂရုမစိုက်ဟန်ဆောင်လိုက်သည် : "မင်းငါနဲ့အပြင်သွားချင်လား?"

စုန့်ချင်းလော် : "သွားမယ်လေ"

ညမှောင်နေတာကြောင့် နှင်းဆီများကိုမတွေ့ရတော့ လေထဲကပန်းရနံ့ကိုသာရှူရှိုက်နိုင်သည်။ဒီအိမ်ရာလေးကိုလင်ပန့်ရှသဘောကျတယ် အထဲတွင်ပန်းများစွာပွင့်လန်းနေပြီးနည်းလမ်းတကျဂရုစိုက်ခံထားရသည်။သူသက်ပြင်းချချင်ပေမဲ့ဒီလိုလုပ်ဖို့တကယ်မလွယ် ဥယျာဉ်မှူးကတကယ်ပင်ပန်းနေမှာ ဒါပေမဲ့လက်ဖျောက်တီးလိုက်တဲ့ချွေးကောင်းယွိကိုသတိရလိုက်သည်။ဥယျာဉ်မှူးကိုကျေးဇူးတင်ရမှာမဟုတ်ပဲချွေးကောင်းယွိကိုသာ

တွေးရင်းတွေးရင်းပြုံးရယ်လာသည်။ဘာလို့ရယ်နေတာလဲလို့စုန့်ချင်းလော်ကမေးလာသည်ကြောင့်သိပ်မတွေးပဲ ချွေးကောင်းယွိကိုတွေးမိသွားလို့ဟုရယ်ရင်းပြောလိုက်သည်။

စုန့်ချင်းလော်ရဲ့အမူအရာကပြောင်းလဲသွားကာရေးတေးတေးဆိုသည် : "ဘာဖြစ်တယ်,တစ်ခေါက်လေးတွေ့လိုက်တာကိုသတိရနေပြီပေါ့?မင်းတို့မှာတကယ်ခြေတစ်ချောင်းထဲရှိနေတာလား?"

လင်ပန့်ရှလန့်သွားသည် : "ဘယ်လိုဖြစ်နိုင်မှာလဲ?!"

စုန့်ချင်းလော် : "ဒါဆိုဘာလို့သူ့အကြောင်းတွေးနေတာလဲ?"

လင်ပန့်ရှ : "ငါ........"ကိုယ်တိုင်ခုန်ဆင်းဖို့တွင်းမတူးသင့် နေ့တစ်ဝက်လောက်အချိန်ဆွဲနေပြီးမှတစ်ခွန်းထွက်လာသည် : "သူဘာတွေစားလို့ဒီလောက်မြင့်နေလဲလို့ငါတွေးနေတာ"

စုန့်ချင်းလော် : "........"

အရပ်မြင့်အကြောင်းပြောမှလင်ပန့်ရှအနှောင့်အယှက်ဖြစ်သွားသည် : "ငါဘာလို့ဒီလောက်ပုနေတာလဲ နောက်ကျရင်တော့ငါဒီလောက်မပုနိုင်ဘူးမလား??"

စုန့်ချင်းလော် : "မဖြစ်ပါဘူး တက္ကသိုလ်ရောက်ရင်ထွားလာမှာပါ"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now