အပိုင်း ၇၇ [ တစ္ဆေဈေး ] (2)

697 118 17
                                    

အပိုင်း ၇၇ [ တစ္ဆေဈေး ] (2)

⟨⟨လူနာ⟩⟩

ဒီနှစ်ယောက်ကကိုယ့်ပျော်ရွှင်မှုကိုယ်ရှာ‌နေကြတယ်ဆိုတာကျူးအဖိုးလည်းသိတယ် ဒေါသလည်းထွက်ပေမဲ့မတတ်နိုင် ဒေါသအချောင်းချောင်းထွက်ပြီးအကြာကြီးစိုက်ကြည့်နေလည်းပဲစုန့်ချင်းလော်ကတော့ရပ်မယ့်ပုံမရှိ နောက်ဆုံးစိတ်မဝင်စားတော့ပဲသက်ပြင်းရှည်ကြီးချလိုက်ကာနှစ်ယောက်လုံးကိုသင်ကြားပို့ချမှုစမ်းမလုပ်တော့

"အဓိကကိုပြန်သွားရအောင်"စုန့်ချင်းလော်ကပြောတယ် "အရင်တစ်ပတ်တုန်းကသူထပ်လာရောင်းတယ်ဆို? ဒီတစ်ခေါက်ဘာရောင်းခဲ့တာလဲ?"

အဖိုးအို : "အရင်တစ်ခေါက်ကကျောက်အိမ်ရဲ့ကောင်လေးက သူ့ရဲ့လက်စွပ်ကိုဝယ်သွားပေမဲ့ငါလည်းကိစ္စနှစ်ခုကိုဆက်စပ်ကြည့်လို့မရဘူး အရင်အပတ်ကသူတစ်ခေါက်ထပ်လာတော့မှ ဒီတစ်ခေါက်ကျတော့ ငါသိတဲ့မိန်းကလေးတစ်ယောက်ကိုဆံညှပ်တစ်ခုရောင်းလိုက်တာ"

စုန့်ချင်းလော် : "ဘယ်သူလဲ?"

ကျူးအဖိုးအိုဟာသက်ပြင်းချလိုက်ပြန်သည် : "သူမငယ်ငယ်တုန်းကမင်းနဲ့ခြံထဲမှာတောင်ဆော့ဖူးတယ်လေ လူယင်းယင်းလို့ခေါ်တယ် မင်းမှတ်မိမမိတော့ငါလည်းမသိဘူး"

စုန့်ချင်းလော် : "အရင်ကကိစ္စတွေဆိုတော့မေ့နေပြီလေ"

"မမှတ်မိရင်လည်းထားလိုက်တော့ အရေးလည်းမကြီးဘူးဆိုတော့"အဖိုးအိုကလက်ရမ်းပြသည် "သူမဆံညှပ်တစ်ခုကိုဝယ်ပြီးတော့အိမ်ပြန်သွားတယ် ဘ
ယ်သူသိမှာလဲရက်တောင်မကြာသေးဘူး ကျောက်အိမ်ကကောင်လေးလိုမျိုးရူးသွားတယ်ကိုယ့်ခန္ဓာကိုယ်ထဲမှာပိုးဝင်နေလားပြောမရဘူး မင်းသိမှာပါ ကျောက်အိမ်ကကောင်လေးကလက်ပေါ်မှာဝတ်တယ် ဒါပေမဲ့ဆံညှပ်ကျတော့ခေါင်းပေါ်မှာတပ်ရတာလေ!"

နားထောင်ပြီးနောက်လင်ပန့်ရှနည်းနည်းကြောင်သွားသည် : "သူမကကိုယ့်လည်ပင်းကိုဖြတ်ပစ်တာတော့မဟုတ်ဘူးမလား?"

"အဲ့ဒါတော့သိပ်မဟုတ်ဘူး"ကျူးအဖိုးအိုကလက်ရမ်းပြသည် "ဓားကအောက်ကျသွားတယ် သူ့ပါးတွေ့သွားတော့တားလိုက်တယ် ဒီလိုဆိုရင်တောင်တစ်ချက်တော့လှီးထားတယ် တော်သေးတာကမနက်လို့ပြန်ကယ်ထားတယ်..........မင်းပြောကြည့် ဒီကိစ္စက တစ်ခေါက်ဆိုရင်တိုက်ဆိုင်မှုဖြစ်နိုင်ပေမဲ့ နှစ်ခေါက်ဆိုရင်တော့ ဘယ်လိုပဲကြည့်ကြည့်အပေါက်ရှိနေတယ်"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now