"ဒါက ဘာသဘောလဲ"
စုန့်ယန်ရှု၏အသံက တုန်ရီစပြုလာသည်။"ငါ ပြောချင်တဲ့ သဘောက မင်းက ငါ့မိန်းကလေးဖြစ်ဖို့ ကြိုးစားကြည့်မလား ငါတို့ရဲ့ ချည်နှောင်မှု အားလုံးကို ဖြတ်တောက်ပစ်မလား။ အလုပ်နဲ့ လူမှုရေး ရောထွေးတာ ငါ သဘောမကျဘူး။ တာဝန်ယူဖို့ ကိစ္စတစ်ခုပဲ ငါ ပြောနေတာ မဟုတ်ဘူး။ မင်းလည်း ငါ့ကို ကြိုက်တယ်လို့ ငါ ခံစားမိလို့ အခုလို စကားမျိုး ပြောနေရတာပဲ"
စုန့်ယန်ရှူက စကားတစ်ခွန်းမျှ မပြောဘဲ ကြောင်အမ်းအမ်း ဖြစ်နေသည်။
ထျန်းကျင်းရွှမ်က ထွက်သွားရန် မတ်တတ် မရပ်ခင် တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွား သကဲ့သို့ ပြုံးလိုက်သည်။ သို့သော်လည်း သူ ခပ်လှမ်းလှမ်းကို လမ်းလျှောက်မသွားခင် စကားတချို့ ချန်ရစ်ခဲ့သည်။
"မင်း သေချာစဉ်းစားပြီးရင် ငါ့ကို လာတွေ့နိုင်တယ်""ရှင် ဘယ်သွားမလို့လဲ"
"ငါ အရမ်းပင်ပန်းနေတယ်။ အနားယူဖို့ လိုအပ်တယ်"
ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ်က သူ့တိုက်ခန်းမှ ထွက်ခွာသွားသည်။သို့သော်လည်း သူ ဘယ်သွားနေလဲ သူ ကိုယ်တိုင်ပင် မသိခဲ့ပေ။ သူ့စိတ် ရှုပ်ထွေးနေသော်လည်း အကြောင်းအရင်းကို စဉ်းစား မရပေ။ စုန့်ယန်ရှု၏ သဘောထားကြောင့် ဖြစ်နိုင် သကဲ့သို့ စိတ်လိုက်မာန်ပါ ပြုမူတတ်သော သူကိုယ်သူကြောင့်လည်း ဖြစ်နိုင်သည်။ ထိုစဉ် အခိုက်အတန့် သူ့အရှေ့မှာ ရှိနေသော ကားက လမ်းကြောင်းလွှဲ မောင်းလိုက်ခြင်းကို သတိမပြုမိခဲ့ပေ။
...
ထျန်းကျင်းရွှမ်က ခဏအပြင်ထွက်သွားသော်လည်း စုန့်ယန်ရှုက ဤနေရာမှာပင် အတွေးထဲ နစ်မြောကာ ရှိနေခဲ့သည်။ လက်ရှိအချိန်က ထျန်းကျင်းရွှမ်အတွက် အရေးကြီးဆုံးသော ကာလဖြစ်၍ တစ်နှစ်တာ ကြိုးစားအားထုတ်မှု၏ အသီးအပွင့်များကို ခံစားရမည့် ကာလ ဖြစ်နေသည်။ ထို့ကြောင့် သူ့ကြိုးစားအားထုတ်မှုကို လျှော့မည့် အပြုအမူများကို ရှောင်တိမ်းရမည်။
စုန့်ယန်ရှု အလောတကြီး မတ်တတ်ရပ်လိုက်သော်လည်း ရဲစခန်းက ရုတ်တရက် ဖုန်းဆက်လာသည်။
"ဟယ်လို၊ မင်းက ထျန်းကျင်းရွှမ်နဲ့ ရင်းနှီးလား"
အပိုင်း(၅၂၀)
En başından başla