Chapter 77- သူ ကြားလိုက်တယ်

Start from the beginning
                                    

နောက်ဆုံးတော့ ရီမုတ်ကွန်ထရိုးကို စားပွဲပေါ်တင်ရင်း ရှဲ့လင်ထံမှ စကားသံထွက်လာသည်။
" မနက်စာ သွားစားရအောင်လေ"

နှစ်မိနစ်အကြာတွင် ထမင်းစားပွဲပေါ်မှ ပေါင်မုန့်ကြက်ဥကြော်ကို ကြည့်ရင်း ချီချင်းတစ်ယောက် အတွေးကြောထဲ နစ်မျောနေ၏။
" ဒါ ခင်ဗျားကိုယ်တိုင် လုပ်ထားတာလား"

ရှဲ့လင် : " အင်းလေ.. ကိုယ်က ဟင်းချက်တအားကောင်းတာ...‌ ဘာမဆို အကုန်ချက်တတ်တယ်..  နောက်ပိုင်း မင်း စားချင်တာရှိရင် ကိုယ့်ကို..."

ရှဲ့လင်မှာ သူ့အရည်အချင်းကို ထုတ်ပြချင်ဇော ကပ်သွား၍ အရေးကြီးကိစ္စကို မေ့သွားခြင်းပင်။

" လက်မှာ ကျောက်ပတ်တီးစည်းထားရ‌တာတောင်မှ ဒီလိုမျိုး ချက်နိုင်သေးတယ်ပေါ့"
ချီချင်းက ပေါင်မုန့်ကြော်တစ်ချပ် ကောက်ကိုင်သည်။
" ခင်ဗျားရဲ့ ဟင်းချက်စွမ်းရည်က တကယ် သူမတူအောင်ပဲနော်"

ရှဲ့လင် : "..."

တိုတိုပြောရလျှင် "မသန်စွမ်းသော်လဲ စိတ်ဓာတ်ပြင်းထန်သော ဒုက္ခိတ" ရှဲ့လင်မှာ လက်တစ်ဖက်ထဲနှင့် ဟင်းရအောင်ချက်နိုင်သော်လဲ အင်္ကျီကြယ်သီးကို ကိုယ်တိုင် မဖြုတ်နိုင်သလို ရုံးချုပ်ကိုလဲ သူ့ဟာသူ မသွားနိုင်။

ရှဲ့လင်ကြောင့် အတင်းအကြပ်လိုက်လာရသော ချီချင်းက စိတ်တိုနေစွာ ကြည့်၍ မေးလိုက်သည်။
" သူပြောတဲ့ ဖိုရမ်က ဘာအတွက်လဲ"

ရှဲ့လင် : " ကိုယ်လဲ မသိဘူးလေ... မင်းပြောမှ ကိုယ်သိရတာ.. အရာရှိကျိက မင်းကို မရှင်းပြလိုက်ဘူးလား"

ချီချင်း လက်အိတ်မဝတ်ထားမိ။ ရှဲ့လင်၏ အထိအတွေ့ကို အသားကျနေသောကြောင့် ရှဲ့လင်နှင့် တွေ့ရမည့်အချိန်တိုင်း မသိစိတ်က လက်အိတ်ကို မေ့နေတတ်သည်။ ဟောပြောပွဲခန်းမထဲတွင် လူများသော်လဲ သူ့ခုံနှင့်သူသာ ထိုင်နေကြမည်ဖြစ်သည့်အတွက် အသားချင်းထိမိနိုင်သည့် အခွင့်အရေးနည်းသည်။ အင်္ကျီလက်ထဲ လက်ဝှက်ထားနိုင်၏။
" မပြောဘူး.. ပေါက်ကရတွေပဲ လျှောက်ပြောနေတာ"

ကျိမင်ရွေ့ လိပ်စာပို့လိုက်သည့်အချိန် စာအနည်းငယ်ပါ တွဲပို့ခဲ့သေးသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now