p-2

70 5 0
                                    

ချောစုလဲရွာထဲလိုက်ပြနေရင်းမောင့်အားစကားဆိုလေသည်။

"အန်တီလေးကတော်တော်ချောတာပဲ ကောင်လေး‌ရှိမယ်ထင်တယ်"

"ဟော မရှိရပါဘူးရှင်"

"အန်တီလေးကေဇင်လို့ပဲခေါ်မယ်နော့်"

"ခေါ်ပါခေါ်ပါ ဒါနဲ့ချောစုကမောင့်ထက်၁နှစ်ကြီးတယ်ဆို"

"ဘယ်သူလဲမောင်က"

"မောင်က ကိုယ့်ဘာကိုယ်ပြောတာပါ"

"အော်..မသိဘူးလေ ကျနော်အသက်က၁၅နှစ်ဗျ့"

"မောင်က၁၄ပဲရှိသေးတာ"

"အန်တီလေးကကော အန်တီလေးကတော့ကျိန်သေပေါက်ရှိမှာပေါ့"

"အင်း ဘယ်သူမှမပြောနဲ့နော်"

"မပြောပါဘူးဗျာ"

"ချောစုကောရှိလား"

"ရှိတာပေါ့"

"ဟာ အားကျ"

"အိမ်ပြန်ကြရအောင် ကြီးကြီးကမှာလိုက်တယ် အန်တီလေးတို့ အဘပိုင်အိမ်ကိုထမင်းစားသွားရမယ်တဲ့"

"ဟုတ်လား"

"အော်အင်းပါ"

"မနက်ဖြန်မှအစုံလိုက်ပြမယ်"

~~~
"အဘပိုင်ရဲ့အိမ်မှာဧည့်သည်ရောက်နေတာလား...ဘယ်ကလဲမသိဘူး မျက်မှန်လေးနဲ့ကောင်မလေးကချစ်စရာလေးပဲ...အတော်တောင်မှောင်နေပြီ..သင်တန်းကပင်ပမ်းလိုက်တာမနက်ဖြန်မှပဲယဉ်တို့အိမ်သွားတော့မယ်"

~~~
မောင်တစ်ယောက်၈နာရီကျော်ကျော်လောက်နိုးလာလေသည်။ မောင်သည်နဂိုထဲကခရီးပမ်းလျှင်ညနေ၁နာရီ‌ေလာက်ထိအိပ်တတ်သူ။ သို့သော်ယခုစောစောနိုးနှင့်လေသည်။ အိပ်ယာအပြောင်းအလဲကြောင့်ပင်ဖြစ်မည်။

"နိုးပြီလား မောင်"

"နိုးပြီမမအိမ့်"

"အေး မျက်နှာသွားသစ်လိုက်အုံး"

"အင်းပါ"

သူမလည်းမျက်နှာသစ်ပြီးသည်နှင့်ကြီးမေကြီး၏စကားကြောင့်သနပ်ခါးအနည်းငယ်လိမ်းထားလိုက်လေသည်။ မနက်စာစားနေရင်းမောင်တစ်ယောက်ဖုန်းသုံးနေလေသည်။

မြတ်နိုးရသောအမျိုးသမီးTempat cerita menjadi hidup. Temukan sekarang