ဆံပင်အဝါရောင် ဆိုးထားသည့် အသက်နှစ်ဆယ်ဝန်းကျင်လောက် ရှိသော အမျိုးသမီးတစ်ယောက်က ဝမ်းနည်းနာကျင်နေသော အသံဖြင့် မကျေမနပ် ပြောဆိုသည်၊ “ကျွန်မတို့က သူတို့ကို ချယ်ရီပန်းပွင့်ဆေးလုံးတွေကိုပဲ ရောင်းချခဲ့တာပါ။ ကိုယ်စားဝယ်ယူပေးသူတွေက ချယ်ရီပန်းပွင့်ဆေးလုံးတွေကို သူတို့ဖာသာ အလှအပဆေးလုံးတွေအဖြစ် နိုင်ငံခြားသားတွေကို ရောင်းချခဲ့တာ။ အဲ့တာက ဘယ်လိုလုပ်ပြီး ကျွန်မတို့အမှာ ဖြစ်နိုင်မှာလဲ။ ကျွန်မ ပြောတာ မှန်တယ်မလား၊ ယာ့ကော နင် ပြောလိုက်ပါဦး။”

သူမက ဘေးနားမှာ ထိုင်နေသော အမျိုးသမီးကို လှည့်ကြည့်ပြီး‌ မေးလိုက်သည်။

ယာ့ကောလား။

တစ်စုံတစ်ရာက ဖန့်ကျွင်းရုံအတွေးထဲ ချဥ်းနင်းဝင်ရောက်လာသည်။ ကျန်းယာ့ကောလား။

အစွန်ဘေးနားမှာ ထိုင်နေသော အမျိုးသမီးကို သူမက အေးဆေးတည်ငြိမ်စွာ လှမ်းမေးသည်၊ “အဲ့တာ မင်းလား၊ ယာ့ကော”

တစ်ချိန်လုံး နှုတ်ဆိတ်နေသော ကျန်းယာ့ကောသည် ခေါင်းငုံ့နေရာမှ မော့ကြည့်လိုက်သည်။ သူမသည် ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့နေပုံပေါ်ပေမယ့် အလွန်စိတ်ဆိုးနေပုံလည်း ရသည်။

ကျန်းယာ့ကောသည် မိမိကိုယ်မိမိ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း သူမသည် ဖန့်ကျွင်းရုံနှင့် ထပ်မံတွေ့ဆုံသည့်အခါတွင် သူမရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားသည့်စိတ်ဟာ သူမတို့ ပထမဆုံး စတွေ့ဆုံသည့်အချိန်ကလိုပင် သူ့အလိုလိုနေရင်း သိမ်ငယ်စိတ်ဝင်လာခဲ့သည်။ သူမသည် ဖန့်ကြွယ်မင်နှင့် လမ်းခွဲပြီးနောက် တစ်ချိန်က သူမရဲ့ အချစ်အသိုက်အမြုံကို စွန့်ခွာခဲ့ရသည်။ ဖန့်ကြွယ်မင်သည် အကြင်နာတရား ကင်းမဲ့သူဖြစ်ပြီး သူက ထိုတိုက်ခန်းကို ချက်ချင်း ရောင်းချပြီး ထွက်ခွာသွားခဲ့သည်။ ကျန်းယာ့ကောနှင့် ပြန်တွဲဖို့ လုံးဝ အစီအစဥ်မရှိပဲ နောက်ပြန်လှည့်မကြည့်စမ်း ချန်ရစ်ခဲ့သည်။ ကျန်းယာ့ကောသည် သူမအသိစိတ် တစ်ခုလုံး ပျောက်ဆုံးကုန်ပြီး သူမတို့ရဲ့ ဆက်ဆံရေးအကြောင်းကို အွန်လိုင်းပေါ်တွင်တင်ပြီး သူ့ကို ဖိအားပေးဖို့ ကြံစည်ခဲ့သည်။ သို့ရာတွင် သူမ ပို့စ်တင်ပြီးသည်နှင့် သူမဟာ ကြယ်ပွင့်နောက်ကို လိုက်ရင်း စိတ်ကူးယဥ်လောကထဲမှာ ပိတ်မိနေတယ်လို့ပင် အလှောင်ပြောင်ခံလိုက်ရသည်။ သူမသည် ဖန့်ကြွယ်မင်နှင့် တစ်ချိန်တုန်းက ချိန်းတွေ့ဖူးတယ်လို့ ပြောတာကို မည်သူမျှ မယုံကြည်နိုင်ကြသည့်အပြင် ဟိုးယခင်ကပင် သူမလက်ကိုင်ဖုန်းထဲမှ သူတို့အတူ ရိုက်ထားသော ဓာတ်ပုံများကို ဖန့်ကြွယ်မင်မှ ဖျက်ပစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now