Ch-221

695 92 0
                                    

အခန်း (၂၂၁) – ကျန်းကျစ်ယန်သည် သူ မျှော်လင့်ထားသလိုမျိုး အချိန်အကြာကြီး ပျော်ရွှင်နေရမည် မဟုတ်ပေ (၁)

ထို့ကြောင့် အမှတ်တံဆိပ်များစွာမှ လူများပူးပေါင်းပြီး စျေးကွက်ရှာဖွေရေးအကောင့်များကို ပို့စ်များတင် မှတ်ချက်များရေးသားရန် အပ်နှံခဲ့ကြသည်။

အင်တာနက်ပေါ်တွင် နာမည်ကျော်ကြားသူအချို့သည် နောင်တရသလိုဟန်ပန်ဖြင့် ပို့စ်များ ရေးတင်ကြသည်။

[အမှန်အတိုင်းပြောရရင် ငါက မိန့်ဖုန့်ကော်ပိုရေးရှင်းရဲ့ သစ္စာရှိပရိသတ်တစ်ဦး ဖြစ်ပြီး အပတ်တိုင်း အလှအပဆေးလုံးအချို့ ဝယ်ယူနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ ဒါပေမယ့် မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ ဒီတစ်ခေါက်လုပ်ရပ်ကို ငါ နားမလည်ဘူး။ ဒီထုတ်ကုန်ကို စျေးကွက်ထဲမှာတောင် မဖြန့်ချိရသေးပေမယ့် အလွန်အကျူး ချီးမွမ်းစကားတွေ ပြောတတ်တဲ့ ရေတပ်တွေကို အဆင်သင့် ဝယ်ယူထားပြီးပြီ။ ဖန့်ကျွင်းရုံက ဘာကြောင့် ဒီလိုလုပ်ရတာလဲ၊ ရေတပ်ကို ဝယ်ယူဖို့ အချိန်ရရင် အဲ့အစား ထုတ်ကုန်ကို ပိုကောင်းမွန်အောင် အာရုံစိုက်တာက ပိုကောင်းပါတယ်။ ဆံပင်ကြီးထွားဆေးခရင်မ်က အလုပ်ဖြစ်သည်ဖြစ်စေ အလုပ်မဖြစ်သည်ဖြစ်စေ စျေးကွက်ရှာဖွေ‌ရေးအကောင့်များရဲ့ အကြံပြုချက်ထက် သုံးစွဲသူတွေရဲ့ အကြံပြုချက်ကို ပိုသဘောကျပါတယ်။ ဖန့်ကျွင်းရုံက ဒီတစ်ခေါက် တကယ်ပဲ ကပေါက်ချိ ကပေါက်ချာ ဖြစ်နေတာလား။]

ထို့နောက် ထိုပို့စ်ပိုင်ရှင်သည် Martia Capetရဲ့ ဆံပင်ကြီးထွားဆေးခရင်မ်ကို ချီးကျူးပြောဆိုထားသော ပို့စ်ကို Ssရိုက်ထားသည့်ပုံကိုပါ တွဲတင်ခဲ့သည်။

အခြား အင်တာနက်ပေါ်တွင် နာမည်ကျော်ကြားသူတွေကလည်း အခြားရှုထောင့်အမျိုးမျိုးမှ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့သည်။

[ဖန့်ကျွင်းရုံက ဒီတစ်ကြိမ်မှာတော့ အတွက်အချက် မှားယွင်းသွားပြီ။ နိုင်ငံခြားသားတွေအပေါ် မျှော့လိုသွေးစုပ်ခြင်းက အနည်းငယ် ရှက်စရာကောင်းတယ်။ သူမက ရေတပ်တွေကို Duchess Capetလို ဟန်ဆောင်ခိုင်းစေရဲတယ်။ ပြောရရင် Duchess Capetလို ဘီလျံနာသူဌေးမတစ်ဦးက ငါတို့နိုင်ငံရဲ့ အမှတ်တံဆိပ်အသစ်ကို ဘယ်လိုလုပ်ပြီး ဂရုစိုက်မှာလဲ၊ ငါ ပြောတာ ဟုတ်တယ်မလား။ ဒီလိုမျိုး သူမရဲ့ကျော်ကြားမှုကို ခိုးယူသုံးနေတာကို မြင်ရတာ တကယ်ရှက်စရာကောင်းတယ်။]

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now